
မတ္တရာမြို့နယ်က စစ်ကောင်စီ ဒလန်လို့ လူသိများတဲ့ အမျိုးသမီးတယောက်ဟာ ဒီနေ့လယ်ပိုင်းမှာ သေနတ်နဲ့ပစ်သတ်ခံရပြီး သေဆုံးသွားပါတယ်။
“သူ့ကို သန်းနှစ်ရာဒေါ်ယဉ်လို့ ခေါ်ကြတယ်။ သူ့ဆိုင်နာမည်က သန်းနှစ်ရာ မို့လို။ မတ္တရာရဲ့ ဒလန်ချုပ်လို့ လူသိများတယ်။ သူ့သမီးလည်း ဒလန်ပဲ။ အခု ၁၂ နာရီခွဲက သူ့အိမ် ဈေးဆိုင်ထဲမှာ ပစ်ခံရတာ” လို့ ကျောက်တံတားရွာ ဒေသခံတယောက်က ပြောပါတယ်။
ဒေါ်ယဉ်ရဲ့ ဆီးခုံနဲ့ ဝမ်းဗိုက်ကို သေနတ်မှန် သေဆုံးခဲ့တယ်လို့ သူက ဆိုပါတယ်။ အဲဒီနောက် စစ်သား ၄ ယောက်၊ ရဲ ၅ ယောက် ရောက်လာပြီး ရွာရဲ့လမ်းမကြီးကိုလည်း ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါကြောင့် လမ်းတလျှောက်က အိမ်တွေ၊ ဈေးဆိုင်တွေပိတ်ထားပြီး လူသွားလူလာမရှိတော့ဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၃ ရက်နေ့ကလည်း စစ်တပ်ကို လမ်းပြလုပ်ခဲ့ဖူးသူ ဦးတင်ငွေနဲ့ သမက်တို့ဟာ ဒေါ်ယဉ် ပိုင်တဲ့ စိုက်ခင်းက အပြန်လမ်းမှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။