
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ စက်တင်ဘာ ၇ ရက် ဒီနေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်က စစ်အုပ်စုတွေတပ်စွဲထားတဲ့ လယ်ဦးရပ်က အခြေခံပညာ မူလတန်းကျောင်းမှာ ဗုံးပေါက်တာကြောင့် စစ်တပ်က သေနတ်နဲ့ ရမ်းပစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"အစက ပေါက်ကွဲသံအကျယ်ကြီး အရင်ကြားတာ၊ နောက်မှ သေနတ်ပစ်သံတွေ ကြားတာ၊ ပထမတော့ အပြန်အလှန်ပစ်တယ် ထင်တာ၊ နောက်မှ သူတို့ဟာသူတို့ ရမ်းပစ်နေတာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့စာသင်ကျောင်းမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာတဲ့ သတင်းတွေတော့ မကြားရဘူးလို့ ဒေသခံတွေက ပြောနေကြပါတယ်။
မိုးကုတ်မြို့မှာ စက်တင်ဘာ ၄ ရက်ကလည်း မြို့နယ်လျှပ်စစ်မီတာရုံးနဲ့ မြို့နယ်စည်ပင်ရုံးတို့မှာ ဗုံးပေါက်ကွဲခဲ့ပါတယ်။