DVB Logo
Home
မြန်မာသတင်း
မှော်ဘီနှင့် တွံတေးတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်
DVB
·
September 6, 2021
မှော်ဘီနှင့် တွံတေးတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်
Donate to DVB

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်နဲ့ တွံတေးမြို့နယ်တွေမှာ  ပုဒ်မ ၁၄၄ အမိန့် စစ်ကောင်စီက ထုတ်ပြန်လိုက်ပြီး ညမထွက်ဖို့နဲ့ လူ ၅ ယောက်ထက် ပိုမစုဖို့ တားမြစ်ကန့်သတ်လိုက်ပါတယ်။

အခုရက်ပိုင်းအများပြည်သူတွေရဲ့  လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေဖို့ ပြုမှုဆောင်ရွက်နေတာကို တွေ့ရှိရတယ်လို့ဆိုကာ တွံတေးမြို့နယ်ကို ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ လူစုလူဝေးမပြုရန်နဲ့ ညမထွက်အရအမိန့်ကို စက်တင်ဘာ ၄ ရက်နေ့မှာ စစ်ကောင်စီက  ထုတ်ပြန်လိုက်​တာလို့  မြို့ခံတွေက ပြောပါတယ်။

မြို့နယ်အတွင်း လမ်းမကြီးတွေ၊ အများပြည်သူသွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် (သို့မဟုတ်) အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ လူ ၅ ဦးထက်ပို စုဝေးခြင်းမပြုဖို့နဲ့  ည ၁၀ နာရီမှ မနက် ၄  နာရီအချိန်အတွင်း ညမထွက်မရအမိန့်ကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

မှော်ဘီမြို့နယ်ဟာ မင်္ဂလာဒုံမြို့နယ်၊ လှိုင်သာယာမြို့နယ်တို့နဲ့အတူ ရန်ကုန်တိုင်းအတွင်း ကိုဗစ်အကြောင်းပြ အထူးစစ်ဆေးဆောင်ရွက်မှု လုပ်ဆောင်ရမယ့် မြို့နယ်တွေအဖြစ် သတ်မှတ်ခံရတဲ့ မြို့နယ်လည်း ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေက ကိုဗစ်အကြောင်းပြကာ ပြည်သူတွေကို တင်းကျပ် စစ်ဆေးနေတယ်လို့  မှော်ဘီ ဒေသခံ ပြည်သူတွေက ပြောပါတယ်။

စစ်တပ်တွေအခြေစိုက်တဲ့ မင်္ဂလာဒုံမြို့နယ်ရှိ  စစ်တပ်ပိုင် ပျဉ်းမပင်နို့ချက်စက်ရုံအနီးမှာ  စက်တင်ဘာ ၄ ရက်မနက်က  ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

အဆိုပါပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး  ပြည်သူ့ပြောက်ကျားတပ်ဖွဲ့(မင်္ဂလာဒုံမြို့နယ်)ကတော့ သူတို့ရဲ့ လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။

ဒါ့အပြင် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့ လက်ပါးစေ လူပုဂ္ဂိုလ်တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့ အစည်းဖြစ်စေ၊ စက်ရုံ၊အလုပ်ရုံဖြစ်စေ အခုထက်ပြိုပြီး ထိရောက်စွာ တိုက်ခိုက်သွားမယ်လို့လည်း သတိပေးကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013