DVB Logo
Home
မြန်မာသတင်း
ဘော်ဆိုင်းမြို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်
DVB
·
March 1, 2025
ဘော်ဆိုင်းမြို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဘော်ဆိုင်းမြို့မှာ ညမထွက်ရ  ပုဒ်မ ၁၄၄ အမိန့်ကို စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးရုံးက ထုတ်ပြန်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ည ၁၀ နာရီကနေ မနက် ၄ နာရီထိ အပြင်မထွက်ကြဖို့၊ အများပြည်သူပိုင်နေရာ လမ်းမကြီးနဲ့ လမ်းသွယ်တွေမှာ လူ ၅ ယောက်ထက်ပိုပြီး စုဝေးတာမလုပ်ဖို့ ဖေဖော်ဝါရီ ၂၄ ရက်က စတင်အမိန့်ထုတ်ထားတာလို့ မြို့ခံ တယောက်က ပြောပါတယ်။

“ပုဒ်မ ၁၄၄ ထုတ်ထားတယ်။ တလကြာထုတ်မယ်။ ခုလိုထုတ်တော့ ည ၁၀ နာရီနောက်ပိုင်း အပြင် မသွားရတော့ဘူး။ ကျန်းမာရေးကိစ္စတွေ အရေးကြီးကိစ္စတွေ အခက်ခဲရှိလာကြတယ်။ တခုခုဆို ကြောက်လန့်နေရတယ်။ အဲအချိန်ထွက်ရင် ပစ်မိန့်ပေးထားတယ်။” 

ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက်မှာ စစ်ကောင်စီက ပိုပြီးစစ်ဆေးလာတာတွေရှိသလို ညမထွက်ရတာကြောင့် အခက်အခဲတွေလည်းကြုံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအမိန့်ကို အထွေထွေအုပ်ချုပ်ရေးကနေ  တိုက်ရိုက်ထုတ်ထားတာဖြစ်ပြီး  လိုအပ်ရင် လိုအပ်သလို ထပ်ဆင့် ထုတ်မယ်မယ်လို့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေဆီက သိရပါတယ်။

ဒေသခံတယောက်က “ဘာကြောင့်ထုတ်တယ်ဆိုတာ မသိဘူး။ ဘော်ဆိုင်းက ငြိမ်းငြိမ်းချမ်းချမ်းပဲ ရှိပါတယ်။ ပြည်သူကို အနိုင်ကျင့်ချင် ဖိနှိပ်ချင်လို့ ခုလိုထုတ်တာပဲ နေမှာပါ” လို့ပြောပါတယ်

စစ်တပ်အာဏာသိမ်းပြီးနောက် ဘော်ဆိုင်းမြို့မှာ လောင်းကစားဝိုင်းတွေပိုများလာပြီး တရားမဝင် သတ္တုလာတူးတဲ့ တရုတ်နိုင်ငံသားတွေလည်းများလာတယ်လို့ ဒေသခံတွေ ပြောပါတယ်။

ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ချိုးဖောက်သူတွေကို  အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် နှစ် ၂၀ ထိချမှတ်နိုင်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013