Home
မြန်မာသတင်း
နမ့်စန်တွင် ၁၀ ဘီးကား တစ်စီး အရှိန်မထိန်းနိုင်ဘဲ စျေးဆိုင်ဝင်တိုက်
DVB
·
September 3, 2021
240623178_145513227690000_7225357545775196916_n
240573007_245075174285170_6164596174402783213_n
240519301_417206653097327_2917069366701417384_n

ရှမ်းပြည်နယ် လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်မှာ ဩဂုတ် ၃ ရက် မနက် ၁၀ နာရီက ၁၀ ဘီးကား တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးက ဆိုင်ခန်းကို ဝင်တိုက်ပြီး တစ်ဦး ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွိုင်လင်ကနေ နမ့်စန်လမ်းအတိုင်း မောင်းနှင်လာသော NISSAN အမျိုးအစား အပြာရောင်‌ ၁၀  ဘီး ယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ နမ့်စန်မြို့ အမှတ်(၄)ရပ်ကွက် ပြည်ထောင်စုလမ်းမကြီးရဲ့ ဝဲဘက်ခြမ်းမှာရှိတဲ့ အိမ်ရဲ့  ကွန်ကရစ်ခင်း ၁ ထပ် ဆိုင်ခန်းကို ဝင်ရောက်တိုက်မိပြီး ယာဉ်မောင်း ဒဏ်ရာရရှိသွားတာကြောင့် နမ့်စန်ပြည်သူ့ဆေးရုံ ပို့ဆောင်လိုက်ရတယ်လို့ သိရပါတယ်။

အခင်းဖြစ်ပွားရာကို နမ့်စန်မြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024