DVB Logo
Home
မြန်မာသတင်း
မြန်မာအထည်ချုပ်လုပ်သားများ ကိုဗစ်-၁၉ ကာကွယ်ရန် အစီအမံမရှိဘဲ အလုပ်လုပ်နေရ
DVB
·
September 1, 2021
မြန်မာအထည်ချုပ်လုပ်သားများ ကိုဗစ်-၁၉  ကာကွယ်ရန် အစီအမံမရှိဘဲ အလုပ်လုပ်နေရ
Donate to DVB

မြန်မာနိုင်ငံက အထည်ချုပ်အလုပ်သမားတွေဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကနေ ကာကွယ်ဖို့ အစီအမံတွေမရှိကြဘဲ စက်ရုံတွေမှာ အလုပ်လုပ်နေကြရတယ်လို့ ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ (IndustriALL Global Union ) ကနေ သိရပါတယ်။

IndustriALL နဲ့ တွဲဖက်ထားတဲ့ မြန်မာနိုင်ငံအလုပ်သမားများအဖွဲ့ချုပ် (IWFM) အဖွဲ့ဝင်နှစ်ဦးဟာ ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးခဲ့ပြီး စက်ရုံအဆင့် သမဂ္ဂခေါင်းဆောင် ၁၀၀ ကျော်လည်း ရောဂါကူးစက်ခံခဲ့ရတယ်လို့ IWFM က ပြောပါတယ်။

မြန်မာနိုင်ငံက အထည်ထုတ်လုပ်သူ လုပ်ငန်းရှင်တွေဟာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက အရင် ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ထားတဲ့ အန်အယ်လ်ဒီအစိုးရ အကောင်အထည်ဖော်ခဲ့တဲ့ ကျန်းမာရေးလုပ်ထုံးလုပ်နည်းတွေကို လျစ်လျူရှု ထားတယ်လို့ (IWFM)  ဝေဖန်ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက တစုံတရာပြန်လည်တုံပြန်သွားဖို့  စီစဉ်နေတယ်လို့ သိရပါတယ်။

အထည်ချုပ်လုပ်ငန်းရှင်တဦးက “မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက ဒီရက်ပိုင်းအတွင်းမှာပဲ ဒီကိစ္စအပေါ်မှာ တရားဝင်ထုတ်ပြန်သွားဖို့ ပြင်ဆင်နေပါတယ်လို့ ကျနော်တို့ ကြားရပါတယ်။ ပြီးတော့ ကိုဗစ်ကာလမှာ ကျနော်တို့ စက်ရုံဖွင့်တာနဲ့ပတ်သတ်ပြီး မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက  ညွှန်ကြားထား တာရှိပါတယ်။ ဒါကဘာလဲဆိုတော့ ကျန်းမာရေးဝန်ကြီးဌာနက နောက်ဆုံးညွှန်ကြားထားတဲ့ လုပ်ငန်းခွင်နဲ့ပတ်သတ်တဲ့ စံသတ်မှတ်ချက်ပေါ့ (5.0) နဲ့ အညီ ပြင်ဆင်ပြီး ဖွင့်ကြဖို့ ထုတ်ပြန်ထားတာ ရှိပါတယ်။ အတိုင်းပဲ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက ပြန်လည်ညွှန်ကြားထားတာပါ။ ဒီတော့ ကျနော်တို့နားလည်တာကတော့ စက်ရုံတွေ ဖွင့်တယ်ဆိုတာက ဒီဟာတွေ အကုန်လုံးပြင်ဆင်ပြီးမှ ဖွင့်တယ်လို့ပဲ နားလည်ပါတယ်။ ပြီးတော့ အခုစက်ရုံတွေအားလုံးမှာလည်း ကိုဗစ်ကာကွယ် ဆေးတွေ လိုက်ထိုးပေးနေတာတွေ ရှိပါတယ်။ စက်မှုဇုန်း တွေမှာလည်း ထိုးပေးနေတယ်” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)က ကိုဗစ်ကာလအတွင်း ပြီးခဲ့တဲ့ ၂၀၂ဝ ဒီဇင်ဘာ ၁၁ ရက်နေ့က ထုတ်တဲ့အစီရင်ခံစာပါအချက်အလက်တွေအရ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှာ အသင်းဝင် ၆၀၀ ကျော်ရှိပြီး အသင်းဝင် ၅၄၀ ခန့်က CMP အထည်ချုပ်စက်ရုံတွေ ဖြစ်ပေမယ့် အသင်းဝင်မဟုတ်တဲ့ စက်ရုံတွေလည်း ရှိနေ တယ်လို့ဖော်ပြထားပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ အထည်ချုပ်စက်ရုံ ပေါင်း ၆၀၀ ကျော်ရှိတဲ့အနက် သုံးပုံတပုံဖြစ်တဲ့ စက်ရုံပေါင်း ၂၀၀ ဟာရပ်ဆိုင်းတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013