DVB Logo
Home
မြန်မာသတင်း
မန္တလေးခရိုင်တွင် သြဂုတ်လအတွင်း ကိုဗစ်-၁၉ ရောဂါဖြင့် လူ ၇၀၀ ခန့်သေဆုံး
DVB
·
September 1, 2021
မန္တလေးခရိုင်တွင် သြဂုတ်လအတွင်း ကိုဗစ်-၁၉ ရောဂါဖြင့် လူ ၇၀၀ ခန့်သေဆုံး
1 / 3
Donate to DVB

မန္တလေးခရိုင်မှာ သြဂုတ်လအတွင်းက ကိုဗစ်-၁၉ ရောဂါကြောင့် လူ ၇၀၀ လောက် သေဆုံးခဲ့တယ်လို့ မန္တလေးမြို့ခံလူမှုကူညီရေးအသင်းက သိရပါတယ်။

ကိုဗစ်ကြောင့် သြဂုတ်လ ပထမအပတ်မှာ ၂၀၀ ဦးကျော်၊ ဒုတိယအပတ်မှာ ၂၀၀ ဦးကျော်၊ တတိယအပတ်မှာ ၁၆၀ ကျော်နဲ့ နောက်ဆုံးအပတ်မှာ ၁၂၀ ကျော် သေဆုံးခဲ့တာပါ။

ဖော်ပြပါ ကိုဗစ်ကြောင့် သေဆုံးသူစာရင်းဟာ မန္တလေးမြို့ခံပရဟိတအသင်းတချို့ရဲ့ ကူညီဆောင်ရွက်ပေးခဲ့ အချက်အလက်တွေသာ ဖြစ်ပါတယ်။ 

မန္တလေးခရိုင်မှာ ဇူလိုင်လ တစ်လအတွင်း ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူ  ၂၀၀၀ ကျော် ရှိခဲ့ပေမယ် သြဂုတ်လမှာ ကိုဗစ်လူနာ ၇၀၀ ခန့် သေဆုံးခဲ့တာပါ။ ဇူလိုင်လထက် သြဂုတ်လအတွင်း ကိုဗစ်လူနာ သေဆုံးသူ သုံးပုံ နှစ်ပုံခန့် လျော့ကျသွားခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူအများစုကအသက်အရွယ်ကြီးသူတွေ ရောဂါအခံရှိသူတွေဖြစ်ပြီး ဆေးခန်းမပြသနိုင်တာ၊ ဆေးဝါးအခက်အခဲ၊ အောက်ဆီဂျင်အခက်အခဲတွေနဲ့ သေဆုံးကြတာပါ။ 

စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သြဂုတ်တစ်လအတွင်း ထုတ်ပြန်ချက်မှာ မန္တလေးခရိုင်အတွင်း ကိုဗစ်ကူးစက်ခံရသူ ၇၂၈ ဦးရှိပြီး သေဆုံးသူ ၂၆၁ ဦး ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013