DVB Logo
Home
မြန်မာသတင်း
ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၄ သန်းခွဲကျော်လာ၊ သိန်းချီသေဆုံးသည့်နိုင်ငံ ၁၃ နိုင်ငံရှိ
DVB
·
August 31, 2021
ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၄ သန်းခွဲကျော်လာ၊ သိန်းချီသေဆုံးသည့်နိုင်ငံ ၁၃ နိုင်ငံရှိ
Donate to DVB

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရပြီး သေဆုံးသူအရေအတွက်ဟာ ၄ သန်းခွဲ ကျော်ရှိလာခဲ့ပြီး သိန်းချီသေဆုံးတဲ့ နိုင်ငံပေါင်း ၁၃ နိုင်ငံထိ ရှိလာနေပြီ ဖြစ်ပါတယ်။

တကမ္ဘာလုံး အတိုင်းအတာနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်က တော့ ၂၁၇ ဒသမ ၄၄ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းလာသူ အရေအတွက် ကတော့ ၁၉၄ ဒသမ ၃၃ သန်းကျော် ရှိနေတာပါ။

သိန်းချီသေဆုံးမှု အမြင့်ဆုံး နိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက သေဆုံးသူ ၆ သိန်းခွဲကျော်၊ ကူးစက်ခံရသူ ၃၉ ဒသမ ၆၆ သန်းကျေိာ်နဲ့ ထိပ်ဆုံးမှာရှိနေပြီး သူ့နောက် မှာတော့ ဘရာဇီးနိုင်ငံက သေဆုံးသူ ၅ သိန်း ၇ သောင်းကျော်၊ ကူးစက်ခံရသူ ၂၀ ဒသမ ၇၄ သန်းကျော်နဲ့ ရှိနေပါတယ်။

တတိယနေရာမှာတော့ အာရှနိုင်ငံတနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံက သေဆုံးသူ ၄ သိန်း ၃ သောင်းကျော်၊ ကူး စက်ခံရသူ ၃၂ ဒသမ ၇၄ သန်းကျော်နဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ အသီးသီး ရပ်တည်နေပါတယ်။

အဲဒီ ၃ နိုင်ငံနောက်မှာတော့ မက္ကဆီကိုနိုင်ငံက သေဆုံးသူ ၂ သိန်းခွဲကျော်၊ ပီရူးနိုင်ငံ က ၁ သိန်း ၉ သောင်းကျေိာ်၊ ရုရှားနိုင်ငံက ၁ သိန်း ၈ သောင်းကျေိာ်၊ အင်ဒိုနီးရှားနဲ့ ယူ ကေနိုင်ငံတွေက ၁ သိန်း ၃ သောင်းကျေိာ်စီ၊ အီတလီနဲ့ ကိုလံဘီယာနိုင်ငံတွေက ၁ သိန်း ၂ သောင်းကျေိာ်စီ၊ ပြင်သစ်နဲ့ အာဂျင်တီးနားနိုင်ငံတွေက ၁ သိန်း ၁ သောင်းကျေိာ်စီနဲ့ အီ ရန်နိုင်ငံက ၁ သိန်းကျော်စီ ရှိနေတာ ဖြစ်ပါတယ်။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၉ သောင်း ၄ ထောင်ကျော်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ရှိနေတာ ဖြစ်ပါ တယ်။

အာဆီယံဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အ မြင့်ဆုံးနိုင်ငံတွေအဖြစ် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှားနိုင်ငံတွေနဲ့အတူ ထိုင်းနိုင်ငံမှာပါ ရောဂါကူးစက်ခံရသူ ၁ သန်းကျော်လာခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၃ သိန်း ၉ သောင်းကျော်၊ သေဆုံးသူ ၁၅,၀၀၀ ကျော်နဲ့ အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနဲ့ သေဆုံးမှုအများဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၄ သိန်းခွဲနီး ပါးနဲ့ သေဆုံးသူ ၁၁,၀၀၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၉ သောင်း ၂ ထောင်ကျော်နဲ့ သေဆုံးသူ ၁,၈၀၀ ကျော်ရှိနေပါတယ်။

စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၆ သောင်း ၇ ထောင် ကျော်နဲ့ သေဆုံးသူအရေအတွက် ၅၅ ယောက်ရှိနေတာ ဖြစ်ပါတယ်။

လာအိုနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၄,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၄ ယောက်ရှိနေပြီး ဘရူနိုင်းနိုင်ငံမှာတော့ ရောဂါ ကူးစက်ခံရသူ ၂,၆၀၀ ကျော်နဲ့ သေဆုံးသူအရေအတွက် ၈ ယောက် ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013