DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်တွင် အရက်ဝိုင်းဖွဲ့သည့်သံဃာ ၇ ပါး ပြစ်ဒဏ်ခံယူပြီး လူဝတ်လဲ
DVB
·
August 31, 2021
ချင်းမိုင်တွင် အရက်ဝိုင်းဖွဲ့သည့်သံဃာ ၇ ပါး ပြစ်ဒဏ်ခံယူပြီး လူဝတ်လဲ
1 / 5
Donate to DVB

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ ကျုံးဘေးက ပန်းဆောဝ်ကျောင်းတိုက်မှာ ပြီးခဲ့တဲ့ ဩဂုတ် ၂၉ ရက်ညက အရက်ဘီယာဝိုင်းဖွဲ့သောက်စားမှုကြောင့် ဖမ်းဆီးခံထားရတဲ့ သံဃာ ၇ ပါးနဲ့ ဒါယကာ ၁ ဦးတို့ဟာ တရားရုံးက ချမှတ်တဲ့ပြစ်ဒဏ်ခံယူခဲ့ပြီး  လူဝတ်လဲလိုက်ကြပြီလို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။

သူတို့အားလုံးဟာ  လူစုလူဝေးဝိုင်းဖွဲ့စားသောက်မှုကြောင့် ကူးစက်ရောဂါတားဆီးရေးဥပဒ ဖောက်ဖျက်မှု ၊  ကိုဗစ်-၁၉ အရေးပေါ်ဥပဒေဖောက်ဖျက်မှုနဲ့ ကနဦးအရေးယူခံရပြီး ချင်းမိုင်တရား ရုံးက ဒဏ်ငွေ ဘတ် ၁၀၀၀ စီ နဲ့  ထောင်ဒဏ် ၁၅ ရက် ( ဆိုင်းငံ့ ၁ နှစ် ) စီချမှတ်ထားပါတယ်။ 

သံဃာ ၇ ပါးကို အယ်လ်ကိုဟောစစ်ဆေးကိရိယာနဲ့ မှုတ်ခိုင်းရာမှာ ၄ ပါးမှာ  အရက် သေစာသောက်စားကြောင်းထင်ရှားတဲ့အတွက် ၁ ပါးလျှင် ဒဏ်ငွေ  ဘတ် ၂၅၀၀ စီ ထပ်မံချမှတ်ခံ ရပါတယ်။ 

သာသနာရေးဆိုင်ရာ ကျင့်ဝတ်ဖောက်ဖျက်မှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာမြို့နယ်သံဃနာယက အဖွဲ့က ယမန်နေ့ည ၇ နာရီက ချင်းမိုင်မြို့ ချန့်ခလန်ရပ်ကွက်ရှိ ဥပကုတ်ကျောင်းတိုက်မှာ ခေါ်ယူစစ်ဆေးခဲ့ပါတယ်။

အဲဒီနောက် မိမိသဘောနဲ့ မိမိလူထွက်ပါကြောင်း ဝန်ခံချက်လက်မှတ်ရေးထိုးစေပြီး ချက်ချင်း သိက္ခာချလူဝတ်လဲလိုက်ကြတယ်လို့  ဒီကနေ့မနက် ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။  ကိုးကား - .chiangmainews.

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013