DVB Logo
Home
မြန်မာသတင်း
မန္တလေးခရိုင်တွင် ကိုဗစ်-၁၉ ရောဂါဖြင့် ၁၀ ဦး ထပ်မံ သေဆုံး
DVB
·
August 30, 2021
မန္တလေးခရိုင်တွင် ကိုဗစ်-၁၉ ရောဂါဖြင့်  ၁၀ ဦး ထပ်မံ သေဆုံး
Donate to DVB

မန္တလေးခရိုင်အတွင်း သြဂုတ် ၂၉ရက်က ကိုဗစ်-၁၉ ရောဂါနဲ့  သေဆုံးသူ ၁၀ ဦး ရှိတယ်လို့ မြို့ခံလူမှုကူညီရေးအသင်းကနေ သိရပါတယ်။ 

မန္တလေးဆေးရုံကြီးရင်ခွဲရုံမှာ ကိုဗစ်လူနာ ၅ ဦး၊ Grand Mandalay ဆေးရုံမှ ကိုဗစ်လူနာ ၁ ဦး၊ ခုတင် ၃၀၀ သင်ကြားရေးဆေးရုံမှ ကိုဗစ်လူနာ ၁ ဦး၊ ရင်ဘတ်တူညီနောင်ဆေးရုံမှ ကိုဗစ်လူနာ ၁ ဦး၊ အရပ်ထဲမှာ ကိုဗစ်လူနာ ၁ ဦးနဲ့ သံသယလူနာ ၁ဦး စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့တာပါ။ 

ဖော်ပြပါ ကိုဗစ်ကြောင့် သေဆုံးသူ စာရင်းဟာ မန္တလေးမြို့ခံပရဟိတအသင်းတချို့ရဲ့ ကူညီဆောင်ရွက်ပေးခဲ့ အချက်အလက်တွေသာဖြစ်ပါတယ်။ 

ဇူလိုင်လက နေ့စဉ် သေဆုံးသူ အယောက် ၇၀ အထက်မှာ ရှိခဲ့ပြီး သြဂုတ်လမှ စတင်ကာ သေဆုံးသူ လျော့နည်းလာခဲ့ပြီး သြဂုတ် နောက်ဆုံးအပတ်မှာ တစ်ရက် သေဆုံးသူ ၁၀ ဦး ဝန်းကျင်သာ ရှိတော့တာပါ။ 

သေဆုံးသူအများစုက အသက်အရွယ်ကြီးသူတွေ ရောဂါအခံရှိသူတွေ ဖြစ်ပြီး ဆေးခန်းမပြသနိုင်တာ၊ ဆေးဝါးအခက်အခဲ၊ အောက်ဆီဂျင်အခက်အခဲတွေနဲ့ သေဆုံးကြတာပါ။ 

စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့  သြဂုတ် ၂၈ရက် ထုတ်ပြန်ချက်မှာ မန္တလေးခရိုင်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ၃ ဦး ရှိပြီး ကိုဗစ်လူနာ ၂ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မှာ ကိုဗစ်ကူးစက်ခံရသူ ၃ ဦး၊ အောင်မြေသာစံနဲ့ ပြည်ကြီးတံခွန်မြို့နယ်တို့မှာ ကိုဗစ်လူနာ ၂ ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတာပါ။ 

လက်ရှိ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၀ မြို့နယ်ကို Stay At Home သတ်မှတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013