DVB Logo
Home
မြန်မာသတင်း
မုံးကိုးဘက်တွင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်ရင်းမှူး ၂ ဦးအပါအဝင် သေဆုံး ဒဏ်ရာရသူများပြား
DVB
·
August 29, 2021
မုံးကိုးဘက်တွင် တိုက်ပွဲပြင်းထန်၊  စစ်ကောင်စီတပ်ရင်းမှူး ၂ ဦးအပါအဝင် သေဆုံး ဒဏ်ရာရသူများပြား
1 / 2
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးဒေသထဲမှာ အခုရက်ပိုင်း စစ်ကောင်စီတပ်တွေနဲ့  KIA ကချင်၊  MNDAA ကိုးကန့် ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ရင်းမှူး ၂ ဦး အပါအဝင် သေဆုံးဒဏ်ရာရသူများပြားတယ်လို့  ကိုးကန့်နဲ့ ကချင်သတင်းရင်းမြစ်တွေကနေ သိရပါတယ်။

သြဂုတ် ၂၈ ညနေ ၅ နာရီခွဲကနေ ည ၈ နာရီ ၄၅ မိနစ်အထိ မုံးကိုး ကောင်းလုံမှာ KIA နဲ့ MNDAA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတို့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီ တပ်ရင်းမှူး နှစ်ဦး သေဆုံးသွားတယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ နီးစပ်တဲ့ မုံးကိုးဒေသခံတစ်ဦးက ပြောပါတယ်။

နောက်ထပ်ဒေသခံတစ်ဦးကလည်း "မနေ့က မနက်ပိုင်းမှာတော့ စစ်ကောင်စီနဲ့ KIA ပဲ၊ ညနေပိုင်းတော့ MNDAA နဲ့ KIA ပူးပေါင်းတပ်၊ ကနေ့ ဩဂုတ်လ ၂၉ ရက် မနက် မှာတော့ စစ်ကောင်စီတွေ ထမင်းစားချိန် MNDAA တွေ လာချတယ်။ ခုထိ ချနေတုန်းပဲ။ မနက် ၄ နာရီ ခွဲဝန်းကျင်လောက်၊ ထမင်း စားချိန်ဆိုတော့။ ကောင်းလုံနဲ့ မန်ဆာကြားက မန်ခွမ် ရွာမှာ။ မုံးကိုးအကျော် မုံးကိုး ကနေ ၅ ခန့်မိုင်အကွာ" လို့ ရှင်းပြပါတယ်။

မုံးကိုးဘက်ကို တက်လာတဲ့ စစ်​ကောင်စီတပ်ရင်း ၃ ခုကို ကေအိုင်အေ၊ ကိုးကန့်တပ် MNDAA တို့ ပူး​ပေါင်းတိုက်ခိုက်ရာမှာ  စစ်​ကောင်စီဘက်မှ  တပ်ရင်းမှူးနှစ်ဦးကျဆုံး ၁ ဦး ဒဏ်ရာသွားပြီး ခမရ (၅၂၅) တပ်ရင်းတစ်ခုလုံးနီးပါး ကျသွား​ကာ  လက်နက်တွေလည်း အများအပြား သိမ်းယူနိုင်ခဲ့တယ်လို့ Kachin waves သတင်းမှာလည်း ဖော်ပြပါတယ်။

ဩဂုတ် ၂၇ ကလည်း  မုံးကိုး ကောင်းလုံရွာအကျော်၊ နမ်ဟာ - မန်ခွမ် ကြားမှာ တပ်မဟာ ၄ ၊ ရင်း ၃၆ နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်။ နမ့်တောင်းအနီး မြန်ဒန်တောင်ကြောတလျှောက်မှာ  ဩဂုတ်လ ၂၇ ရက်ထိ မှာ MNDAA  နဲ့ စကစ တို့တိုက်ပွဲဖြစ်တယ်လို့ နမ့်တောင်း ဒေသခံ တစ်ဦးက ပြောပါတယ်။

ဩဂုတ်လ ၂၇ ရက် ညနေ ၃ နာရီ ဝန်းကျင်က နမ့်တောင်းနဲ့ မုံးပေါ်ကြား ရှူဘုတ်ကောင်းခါးမှာ KIA နဲ့ စစ်ကောင်စီတိုက်ပွဲ မိနစ်အနည်းငယ်ဖြစ်ပွားခဲ့တယ်လို့ မုံးပေါ်ဒေသခံ တစ်ဦးက ပြောပါတယ်။ 

မြန်မာ့အမျိုးသားတရားမျှတရေးပါတီ (MNTJP)နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ဟူဒေါင်ရွာမှာ အစည်းအဝေး ပြီးချိန် စစ်ကောင်စီရဲ့တပ်မ ၉၉ က စစ်ကြောင်း ထိုးလာတာကြောင့် နေ့လည် ၁၂ နာရီကစ Toshima ကျေးရွာနောက်ကျောတောင်မှာ ထိပ်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး မွန်းလွဲ ၃ နာရီခန့်အထိ ကြာခဲ့ကြောင်း ကိုးကန့်သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီ တိုက်ပွဲမှာ မြန်မာစစ်သားအနည်းဆုံး ၄ ဦး သေဆုံးပြီး ဒဏ်ရာရသူ များစွာ ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။

မုံးကိုးဒေသမှာ ဇူလိုင်လဆန်းပိုင်းကစ MNDAA နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲမကြာခဏ ဖြစ်ပွားခဲ့ပြီး ‌ဩဂုတ် ၂၈ ရက်မှာတော့ စစ်ကောင်စီနဲ့ KIAနဲ့ MNDAA ပူးပေါင်းတပ်တို့ အကြားတိုက်ပွဲပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။

အထက်ဖော်ပြပါသတင်းနဲ့ပတ်သက်ပြီး ဒီတိုက်ပွဲမှာ အခြားအဖွဲ့စည်းများ ပါဝင်ကူညီခြင်းမရှိဘဲ MNDAA ကိုးကန့်တပ်ဖွဲ့ တဖွဲ့တည်းသာ တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဒီနေ့ညမှာ MNDAA အဖွဲ့က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013