စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်အတွင်းမှာ ဩဂုတ် ၂၈ ရက် မနက်ပိုင်းက တူဝရီးနှစ်ဦး အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “တူဝရီးနှစ်ယောက်လုံးက ပျူစောထီးအဖွဲ့ဝင်တွေလို့ ပြောတယ်ဗျ။ ဦးလေးဖြစ်သူကတော့ မနက်စောစောက သတ်သွားတယ်နဲ့တူတယ်။ ပဲခင်းကြီးသင်္ချိုင်းနားမှာ ဦးခေါင်းပြတ်နဲ့တွေ့ရတယ်။ သူရဲ့တူကတော့ ပဲခင်းကြီးနဲ့ ၁၃ မိုင်လောက်ဝေးတဲ့ ၃၃ မိုင်မှာ ခေါင်းဖြတ်အသတ်ခံရတာ။ ကားနှစ်စီးကိုလည်း မီးနဲ့ရှို့သွားကြတယ်။ အဲဒီကားတွေထဲက တစ်စီးက ဦးလေးဖြစ်သူရဲ့ ကားဖြစ်နေတယ်။ သူတို့အချင်းချင်း သစ္စာဖောက်လို့ သတ်သွားတာလို့ နီးစပ်သူတွေရဲ့ပြောသံတော့ ကြားတာပဲ” လို့ ပြောပါတယ်။
အသတ်ခံရသူတွေဟာ ကြက်ဆူကန်ကျေးရွာက ဦးကျော်ညွန့်ဖြစ်ပြီး တူဖြစ်သူရဲ့ အမည်ကိုတော့ မသိရသေးပါဘူး။