DVB Logo
Home
မြန်မာသတင်း
မိုးကုတ်မြို့တွင် အသက် ၅ နှစ်အရွယ် ကလေး ၁ ဦး အဓမ္မပြုကျင့်ခံရပြီး သေဆုံး
DVB
·
August 28, 2021
မိုးကုတ်မြို့တွင် အသက် ၅ နှစ်အရွယ် ကလေး ၁ ဦး အဓမ္မပြုကျင့်ခံရပြီး သေဆုံး
Donate to DVB

မန္တလေးတိုင်း မိုးကုတ်မြို့မှာ သြဂုတ် ၂၇ ရက်နေ့ည ရှစ်နာရီဝန်းကျင်က ၅ နှစ်အရွယ်ကလေးတစ်ဦး အဓမ္မပြုကျင့်ခံရပြီး သေဆုံးတဲ့အမှုမှာ တရားခံလို့ ယူဆရသူတစ်ဦးကို ပြည်သူတွေက ဖမ်းမိထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတစ်ဦးက "ကလေးကို ခေါ်သွားတဲ့သူက တရပ်ကွက်တည်းကလူပဲ၊ အိမ်နီးချင်းပေါ့။ ကလေးကို ပိုက်ဆံ ၇၀၀ ပေးပြီး ခေါ်သွားတာ၊ သူက မူးယစ်ဆေးလည်း သုံးတယ် ပြောကြတယ်" လို့ ပြောပါတယ်။

ကလေးငယ်အား ခေါ်သွားသူကို အနီးနားပတ်ဝန်းကျင်က လူတွေက မြင်လိုက်ကြတာဖြစ်ပြီး  အဲ့ရပ်ကွက်ကို ပြောင်းလာတာ ၁ လ ဝန်းကျင်ပဲ ရှိသေးတာလို့ ဆိုပါတယ်။

ကလေးငယ်ကို မိုးကုတ်မြို့နဲ့ ဆယ်မိုင်ကျော်ဝေးတဲ့နေရာကို ခေါ်သွားခဲ့တာဖြစ်ပြီး မိဘတွေက ကလေးပျောက်လို့ ရဲစခန်းမှာ လူပျောက်တိုင်ပြီးနောက် ကလေးအား ခေါ်သွားသူကို တွေ့ရှိဖမ်းမိခဲ့တာလို့ သိရပါတယ်။

“ကလေးကို ခဲနဲ့ပါထုထားတာ၊ မျက်နှာမှာ ဒဏ်ရာတွေနဲ့ သူခေါ်သွားပြီး ပြန်လာမပို့ဘူး။ သူပြောတာတော့ သူအပါဝင် ၃ ယောက်လို့ပြောတယ်၊ ရပ်ကွက်ကလူတွေဝိုင်းပြီး ရိုက်နှက်ပြီး ရဲလက်အပ်လိုက်ကြတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

အသက် ၅ နှစ်အရွယ် ကလေးငယ်ကို မိုးကုတ်မြို့ အောက်ညောင်ကုန်းရွာ သုသာန်မှာ အဝတ်မပါဘဲ မျက်နှာဒဏ်ရာနဲ့ သြဂုတ် ၂၇ ရက်နေ့ ညနေ ၂ နာရီဝန်းကျင်က မှိုရှာသူကတွေ့ရှိပြီး မြတ်စေတနာ ကားနဲ့ မိုးကုတ်ပြည်သူ့ဆေးရုံကို ပို့ဆောင်လိုက်တာလို့ သိရပါတယ်။

ကလေးအလောင်းကို မိုးကုတ်မြို့ပြည်သူ့ဆေးရုံကနေ သြဂုတ် ၂၈ ရက်​နေ့မှာ ထုတ်ယူလာကြောင်း၊ ဆေးစစ်ချက်အရ အဓမ္မပြုကျင့်ပြီး ဦးခေါင်းကို ထုသတ်ထားတာလို့ သိရပါတယ်။

ကလေးမလေးရဲ့ မိခင်ဖြစ်သူဟာ နားမကြားသူတဦးဖြစ်ပြီး မိုးကုတ်မြို့ မင်းတံတားရပ်ကွက်မှာ နေထိုင်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013