DVB Logo
Home
မြန်မာသတင်း
စဉ့်ကူးမြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူးအား ကျည်ဆန်ဖြင့် SPDF သတိပေး
DVB
·
August 28, 2021
စဉ့်ကူးမြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူးအား ကျည်ဆန်ဖြင့် SPDF သတိပေး
Donate to DVB

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ကျေးရွာက စစ်ကောင်စီက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူး ဦးမောင်ငယ် နဲ့ ရာအိမ်မှူး ဦးမျိုးခိုင်တို့အနေနဲ့ ကျန်းမာရေးဂရုစိုက်ပြီး ထမင်းဝအောင်စားထားကြဖို့ စဉ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (SPDF) က ကျည်ဆန်ပေးပို့ သတိပေးလိုက်တယ်ပါတယ်။

အုပ်ချုပ်ရေးမှူဦးမောင်ငယ်ဟာ  ဒေသခံပြည်သူတွေကို နှိပ်စက်ကြိမ်းမောင်းတာတွေ လုပ်ဆောင်ပြီး ဆန္ဒပြည်သူတွေအကြောင်း စစ်ကောင်စီကို သတင်းပေးနေတဲ့ အကြီးစား ဒလန်ဖြစ်တယ်လို့  စဉ့်ကူးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့  သတင်းပြန်ကြားရေးနှင့် ဒလန်ရှင်းလင်းရေးတာဝန်ယူထားသူက ဒီဗွီဘီကိုပြောပါတယ်။

အဲဒီအပြင်  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီးကျေးရွာအတွင်း  သတ်မှတ်ဆက်ကြေးကောက်ခံကာ လောင်းကစားဝိုင်းတွေကို ခွင့်ပြုပေးတယ်လို့ ဆိုပါတယ်။ 

အုပ်ချုပ်ရေးမှူး ဦးမောင်ငယ်အနေနဲ့ ပြည်သူတွေကို စစ်ကောင်စီနဲ့ပူးပေါင်းပြီး ဆက်ပြီး အနိုင်ကျင့်နေမယ်ဆိုရင် အသက်ကိုအာမမခံဘူးလို့ SPDF သတင်းပြန်ကြားရေးနှင့် ဒလန်ရှင်းလင်းရေးတာဝန်ခံက ပြောပါတယ်။

ပြည်သူတွေကို နှိပ်စက်နေတဲ့ ကျည်တောက်ပေါက်ရွာအုပ်ချုပ်ရေးမှူး ဦးမောင်ငယ်ကို  စဉ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပထမအကြိမ် သတိပေးပြီးနောက်ပိုင်းမှာ ကျေးရွာအတွင်း PDF တွေလက်နက်မချရင် လက်စတုန်းချေမှုန်းမယ်ဆိုတဲ့ စာရွက်တွေ လိုက်ကပ်ခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013