DVB Logo
Home
မြန်မာသတင်း
တစ်ရက်တည်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၆၀၀ ကျော်နှင့် ၁၁၃ ဦးထပ်မံသေဆုံး
DVB
·
August 27, 2021
တစ်ရက်တည်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၆၀၀ ကျော်နှင့်  ၁၁၃ ဦးထပ်မံသေဆုံး
1 / 4
Donate to DVB

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၆၀၀ ကျော်နဲ့  ၁၁၃ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၂၆ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ 

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကိုတော့ မသိနိုင်သေး ပါဘူး။ 

ဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာတော့ မနေ့က ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၂,၂၄၉  ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၂,၆၃၅ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၂၁ ဒသမ ၅ ရာခိုင်နှုန်း  ရှိနေပါတယ်။ 

ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံကဆင်းခွင့်ရသူ အရေအတွက် ကတော့ ၂,၉၂၀ ယောက်ရှိတယ်လို့ဆိုပါတယ်။ ဒါကြောင့်မို့ လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူစုစုပေါင်း ၁၄၈၅၆   ယောက်နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၈၃,၅၁၄ ယောက်ရှိတာဖြစ်ပါတယ်။

လတ်တလော ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် နိုင်ငံတဝန်း စာသင်ကျောင်းတွေ ပိတ်ထားသလို ရောဂါကိုထိန်းချုပ်နိုင်ဖို့ အများပြည်သူရုံးပိတ်ရက်အဖြစ် ဩဂုတ် ၃၁ ရက်အထိကိုလည်း တိုးမြှင့်သတ်မှတ်ကြောင်း စစ်ကောင်စီက ကြေညာထားပါတယ်။ 

ဒါ့အပြင်  မြို့နယ်ပေါင်း ၁၁၉  မြို့နယ်ကိုလည်း Stay At Home အမိန့်ထုတ်ပြန်ထား ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013