DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ပိုးတွေ့မှု မြင့်တက်နေသည့် မြို့နယ် ၅ ခုကို Stay at Home သတ်မှတ်
DVB
·
August 25, 2021
ကိုဗစ်-၁၉ ပိုးတွေ့မှု မြင့်တက်နေသည့် မြို့နယ် ၅ ခုကို Stay at Home သတ်မှတ်
Donate to DVB

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မြင့်မားတဲ့ မြို့နယ် ၅ ခုကို မိမိနေအိမ်တွင်နေထိုင်ရန် (Stay at Home) အဖြစ် သတ်မှတ်ကြေညာလိုက်ပါတယ်။

စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက  ဩဂုတ်လ ၂၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့စာအရ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်နဲ့၊ ဝိုင်းမော်မြို့နယ်၊ ကယားပြည်နယ် လွိုင်ကော်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် နဲ့ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တို့ကို Stay at Home သတ်မှတ်ကြေညာလိုက်တာပါ။

အဆိုပါမြို့နယ်တွေမှာ ပိုးတွေ့နှုန်း မြင့်တက်နေတဲ့အတွက် Stay at Home  သတ်မှတ်ကြေညာ ရတာလို့ ထုတ်ပြန်ထားပါတယ်။

ကယားပြည်နယ်မှာ မနေ့ ဩဂုတ်လ ၂၄ ရက်နေ့ တရက်တည်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ သစ် ၈၂ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ၂ ဦး ထပ်မံ သေဆုံးကြောင်း ပြည်နယ်ကျန်းမာရေးဌာနရဲ့ စာရင်းအရ သိရပါတယ်။

အဆိုပါ ပိုးတွေ့လူနာသစ်တွေထဲမှာ လွိုင်ကော်မြို့နယ် ပုဗ္ဗာရုံကျောင်းတိုက်က သံဃာ ၆၆ ပါး ပိုးတွေ့ရှိရကြောင်း ဖော်ပြထားပြီး အဆိုပါ ကျောင်းတိုက်ကို lock down ချထားပါတယ်။

အလားတူ လွိုင်ကော်မြို့နယ် ရွေတောင်ကျောင်းတိုက်မှာလည်း ၁၉၉ ပါး ရှိတဲ့အနက် ၅၂ ပါး ကိုဗစ်ပိုးတွေ့ရှိတဲ့ အဆိုပါကျောင်းတိုက်ကို ဩဂုတ်လ ၁၉ ရက်နေ့က Lock down ချမှတ်ထားပါတယ်။

ကယားပြည်နယ်မှာ  ဇွန်လ ၂၉ ရက်နေ့က ဩဂုတ်လ ၂၄ ရက်နေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၅၃၇ ဦးရှိပြီး အဲထဲက ၆၆ ဦးသေဆုံးသွားပြီးဖြစ်ပါတယ်။

ပိုးတွေ့သေဆုံးသူတွေထဲက  လွိုင်ကော်မြို့နယ်မှာ ၁၀၇၉ ဦးနဲ့ သေဆုံး ၆၁ ဦးနဲ့ အများဆုံးဖြစ်ပါတယ်။  ဖားဆောင်းမြို့နယ်မှာတော့ ပိုးတွေ့လူနာ ၃၇၀ ဦး သေဆုံးသူ ၄ ဦးနဲ့ ဒုတိယအများဆုံးဖြစ်တဲ့အတွက် ပိုးတွေ့မှုမြင့်တက်နေတဲ့  ဖားဆောင်းမြို့နယ် မော်ချီးဒေသကို Stay at Home သတ်မှတ်ထားပြီး အခုချိန် ပြန်လည် ဖြေလျော့ခြင်းမရှိသေးပါဘူး။ကယားပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု မမြင့်တက်ခင် ပြီးခဲ့တဲ့လတွေက လူထုတွေက မိမိအသိစိတ်ဓာတ်နဲ့ ရပ်ကွက်အလိုက် ကိုဗစ်ထိန်းချုပ်စစ်ဆေးရေးဂိတ်တွေ ပြုလုပ်ခဲ့ပေမယ့် စစ်ကောင်စီဘက်က အဓမ္မ ဖြုတ်ခိုင်းတာတွေ ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013