DVB Logo
Home
မြန်မာသတင်း
ဗန်းမော်မြို့ရှိ အောက်ဆီဂျင်စက်ရုံ ထရမ်စမော်မာတစ်လုံး မီးလောင်ပေါက်ကွဲ
DVB
·
August 25, 2021
ဗန်းမော်မြို့ရှိ အောက်ဆီဂျင်စက်ရုံ ထရမ်စမော်မာတစ်လုံး မီးလောင်ပေါက်ကွဲ
1 / 4
Donate to DVB

ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ ၃ မိုင်ရွှေပြည်သာရပ်ကွက်က အောက်ဆီဂျင်အခမဲ့ပေးဝေနေတဲ့ OK Group အောက်ဆီဂျင်စက်ရုံမှာ ဩဂုတ်လ ၂၄ ရက် ညနေပိုင်းက ထရမ်စဖော်မာတစ်လုံး မီးလောင်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးလောင်ပေါက်ကွဲမှုအချိန် မိနစ် ၂၀ လောက်သာ ကြာမြင့်ခဲ့ပြီး မီးသတ်သမားတွေ လာရောက် ငြှိမ်းသတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

OK Group အောက်ဆီဂျင်စက်ရုံက ထရမ်စဖော်မာ မီးလောင်ပေါက်ကွဲရတဲ့ အကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက OK Group က တာဝန်ရှိသူတစ်ဦးကို မည်သူမည်ဝါမသိရသူတဦးက ဗုံးခွဲပစ်မယ်ဆိုပြီး ဖုန်းဆက်ခြိမ်းခြောက်ခဲ့တယ်လို့ စက်ရုံနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“ဒီကိစ္စဟာ မရိုးသားဘူးထင်တယ်၊ ဘာကြောင့်လဲဆိုတော့ ခြိမ်းခြောက်ခံထားရတယ်လို့ သတင်းထွက်ပြီး ရက်ပိုင်းအတွင်း ဖြစ်တာဆိုတော့ တိုက်ဆိုင်မှုလားပေါ့။ အားမနိုင်လို့ ပေါက်ကွဲတာလို့လည်း ပြောကြတယ်။ တော်သေးတယ် အောက်ဆီဂျင်အိုးထားတဲ့ နေရာနဲ့ဝေးနေလို့ မဟုတ်ရင် မလွယ်ဘူး။” 

အောက်ဆီဂျင်စက်ရုံတည်ဆောက်ပြီးနောက် ဗန်းမော်မြို့ရှိ အောက်ဆီဂျင် လိုအပ်နေတဲ့ ကိုဗစ်လူနာတွေကို အလုံးရေ ၃၀၀ ကျော်နဲ့ အခမဲ့ပေးဝေနေတာ ၁၀ ရက်လောက် ရှိပြီလို့ သိရပါတယ်။ 

ဗန်းမော်မြို့မှာ အောက်ဆီဂျင်လိုအပ်ချက် ပိုမိုမြင့်မားနေပြီး တစ်ရက်ကို အလုံးရေ ၁၅၀ နီးပါး သုံးစွဲနေရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013