DVB Logo
Home
မြန်မာသတင်း
နမ္မတီးမြို့ ကဆုန့် စစ်ရှောင်စခန်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၆ ဦး စတင်တွေ့ရှိ
DVB
·
August 25, 2021
နမ္မတီးမြို့ ကဆုန့် စစ်ရှောင်စခန်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၆ ဦး စတင်တွေ့ရှိ
Donate to DVB

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့ လမ်ဘရော့ယန် (လမ်းခွ) ကျေးရွာရှိ ကဆုန့် စစ်ရှောင်စခန်းမှာ ဩဂုတ် ၂၃ ရက်နေ့က စစ်ဆေးရာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆ ဦး ပထမဆုံးစတင် တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ရှောင်စခန်းအား လွန်ခဲ့တဲ့ ၁လ ကျော်ခန့်က စတင်ပြီး အသွားအလာ ကန့်သတ်ခဲ့ကာ အခုအခါ နေမကောင်းသူရှိလာကြောင့် ၂၅ ဦးကို စစ်ဆေးကြည့်ရာ အမျိုးသမီး ၆ ဦးမှာ ကိုဗစ်ပိုးတွေ့ရှိတာလို့ စစ်ရှောင်စခန်း တာဝန်ခံက ပြောပါတယ်။

"စစ်ရှောင်စခန်းမှာ ပထမဆုံးစတွေ့တာပဲ ကိုဗစ် လက္ခဏာ ပြလို့စစ်တာ၊  အသက် ၂၀ ကနေ  ၄၀ နှစ်အတွင်းသူတွေပါတယ်။ အဲ့ဒီအထဲမှာ ကိုယ်ဝန်ဆောင်နဲ့ နို့စို့အရွယ်ကလေးလည်းပါဝင်တယ်။" 

ကိုဗစ်-၁၉ စတင်တွေ့ရှိခဲ့တဲ့ စစ်ရှောင်စခန်းမှာ အသွားအလာ ကန့်သတ်ထားတာကြောင့် အစားအသောက် ဆေးဝါးတွေ ခက်ခဲနေပြီး ကိုဗစ်ပိုးတွေ့ရှိသူတွေကိုတော့ နမ္မတီးဆေးရုံမှာ သီးသန့်ထား စောင့်ကြည့်ကုသပေးနေပါတယ်။

ဩဂုတ် ၂၄ ရက်နေ့ကတော့ စစ်ရှောင်စခန်းအတွင်း ထပ်မံစစ်ဆေးတာ မလုပ်ဖြစ်ဘူးလို့ တာဝန်ခံက ဆိုပါတယ်။

စစ်ရှောင်စခန်းမှာ အိမ်ထောင်စု ၁၀၀ ကျော်နဲ့ လူဦးရေ ၈ဝဝ ကျော် နေထိုင်ကြပြီး  ကိုဗစ်ကာလ အသွားအလာ ကန့်သတ်ထားတဲ့အတွက် အစားအသောက် ဆေးဝါးတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013