DVB Logo
Home
မြန်မာသတင်း
လက်ပြနှုတ်ဆက်မှုဖြင့် ဖမ်းဆီးခံထားရသည့် ကချင်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် အပါအဝင် ၈ ဦးကို အဂတိမှုဖြင့် ထပ်တရားစွဲ
DVB
·
August 24, 2021
လက်ပြနှုတ်ဆက်မှုဖြင့် ဖမ်းဆီးခံထားရသည့် ကချင်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် အပါအဝင် ၈ ဦးကို အဂတိမှုဖြင့် ထပ်တရားစွဲ
Donate to DVB

လက်ပြနှုတ်ဆက်မှုနဲ့ ဖမ်းဆီးထောင်ချတရားစွဲခံနေရတဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်အပါအဝင် ပြည်နယ်အစိုးရဝန်ကြီး ၆ ဦးနဲ့ ညွှန်ကြားရေးမှူး ၁ ဦး စုစုပေါင်း ၈ ဦးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒဒေနဲ့ ထပ်မံ အမှုဖွင့် အရေးယူထားတယ်လို့  စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်ဝန်ကြီးဟောင်းတွေဖြစ်တဲ့ ဦးဝေလင်း၊ ဦးဝင်းညွန့်၊ ဦးလဆိုင်း (ခ) ဦးဒါရှီလဆိုင်း၊ ဦးနော်လီ (ခ) ဇခေါင်ခမ်းရယ်၊ ဦးဇော်ဝင်းနဲ့  ဦးနေဝင်း တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း ၊ ကချင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုးနိုင် အပေါ် အဂတိ ဥပဒေ ပုဒ်မ ၅၆ အရ လည်းကောင်း မြစ်ကြီးနားမြို့မရဲစခန်းမှာ ဩဂုတ် ၂၃ ရက်နေ့က   ပထမ သတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူဖို့လုပ်နေတာလို့ဆိုပါတယ်။

စစ်ကောင်စီခန့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့ရာမှာ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နဲ့ ဝန်ကြီးတွေဟာ ရာထူးရှိစဉ်က  မြစ်ကြီးနား-ဗန်းမော်လမ်း AC ကတ္တရာ ထပ်ပိုးလွှာခင်းတဲ့ ၂၃ မိုင်လမ်းဖောက်တဲ့ကိစ္စ၊  သလင်းကျောက်တန်ချိန် ၁၀၀၀၀ ကို လေလံစနစ်နဲ့ ရောင်းချခဲ့တဲ့ကိစ္စတွေမှာ စည်းကမ်းနဲ့ မညီလုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ 

ဒါ့အပြင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဧည့်ဂေဟာ နှစ်ထပ်ဆောင် ဆောက်လုပ်တဲ့ကိစ္စ ကတ္တရာလမ်းသစ်၊ ကွန်ကရစ်ရေပြွန်၊ ကွန်ကရစ်တံတားတွေဆောက်ရာမှာ လုပ်ထုံးလုပ်နည်းနဲ့အညီ တင်ဒါခေါ်ယူဆောင်ရွက်မှု မရှိတာ  ပုဂ္ဂလိကကုမ္ပဏီတစ်ခုသို့ လုပ်ကိုင်ခွင့်ပြုပေးခဲ့လို့ နိုင်ငံတော် ဘဏ္ဍာငွေ ထိခိုက်နစ်နာ ဆုံးရှုံးစေခဲ့တယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးဇော်ဝင်းဟာလည်း နယ်စပ်စစ်ဆေးရေးဂိတ် တာဝန်ခံ ဝန်ထမ်းတွေထံမှ သစ်သီးဂျပ်ဖာတွေ၊ ငွေနဲ့ ပစ္စည်း တန်ဖိုး ငွေကျပ် ၂၁ သိန်းလောက် တံစိုးလက်ဆောင် လက်ခံရယူခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

ဒါ့အပြင် ဝန်ကြီးတွေဟာ မိုးကောင်း၊ ဖားကန့်နဲ့ ဝိုင်းမော်မြို့နယ်တွေမှာ အန်အယ်လ်ဒီ ပါတီရုံး ဆောက်လုပ်ဖို့ ပြည်နယ်အတွင်းစီးပွားရေးလုပ်ငန်းရှင်တွေထံမှ ငွေယူခဲ့တယ်လို့လည်း စစ်ကောင်စီက စွပ်စွဲပါတယ်။

စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့   ဝန်ကြီးချုပ်  ဒေါက်တာခက်အောင်နဲ့ ဝန်ကြီးတွေဘက်ကတော့ ပြန်လည်တုံ့ပြန် ရှင်းလင်းပြောဆိုခွင့်မရှိသလို စစ်ဆေးတွေ့ရှိချက်တွေထဲမှာလည်း အဆိုပါဝန်ကြီးတွေဟာ ကိုယ်ကျိုးစီးပွားနဲ့ မိသားစု အကျိုးစီးပွားအတွက် ဥစ္စာပစ္စည်းတွေ ပိုင်ဆိုင်မှုတွေရှိခဲ့တယ်ဆိုတဲ့ အထောက်အထားတစ်စုံတရာ မရှိခဲ့ပါဘူး။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ဟာ လက်ရှိ မြစ်ကြီးနားထောင်မှာ  ဖမ်းဆီးခံထားရတာဖြစ်ပြီး ရွေးကောက်ပွဲကာလ ၂၀၂၀  အောက်တိုဘာ ၁၇ ရက်နေ့က ယုဇနရပ်ကွက်က မြို့နယ်အန်အယ်လ်ဒီပါတီရုံးရှေ့ကနေ ကား၊ ဆိုင်ကယ်၊ စက်ဘီးတွေနဲ့ မဲဆွယ်လှည့်လည်လာတဲ့ အန်အယ်လ်ပါတီဝင်တွေကို လက်ပြနှုတ်ဆက်ခဲ့တာကြောင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ (၂၅)နဲ့ တရားစွဲခံထားရပါတယ်  ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013