DVB Logo
Home
မြန်မာသတင်း
ကမိုင်ကုန်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို BGF ၃၀ ခန့် အင်အားထပ်ဖြည့်
DVB
·
August 24, 2021
ကမိုင်ကုန်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို BGF ၃၀ ခန့် အင်အားထပ်ဖြည့်
Donate to DVB

ကော့ကရိတ်မြို့နယ် ကမိုင်ကုန်းရွာက ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုဆီ BGF အင်အား ၃၀ လောက် ရိက္ခာတွေသယ်ဆောင်လာပြီး ဩဂုတ် ၂၄ ရက်နေ့မနက်ပိုင်းက ထပ်ပြီးအင်အားထပ်ဖြည့်ကာ ဘုန်းကြီးကျောင်းအတွင်း နေရာယူ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ကေအန်ယူ ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်နဲ့ ပူးပေါင်း BGF တို့ သွားလိုတဲ့ နေရာတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က သွားခွင့်ပြုမှာ မဟုတ်ဘဲ သတ်မှတ်နေရာ ထပ်ကျော်လာရင် တိုက်ပွဲတွေ ဆက်ဖြစ်လာနိုင်တဲ့ အခြေအနေ ရှိနေပါတယ်။

စစ်ကောင်စီတက်လာတဲ့ လမ်းတစ်လျှောက်က ကျေးရွာတွေဟာ တဆက်တည်းရှိနေတဲ့ ရွာတွေ ဖြစ်တဲ့အတွက် နှစ်ဘက်တပ်တွေ ပစ်ခတ်မှုဖြစ်ရင် ထိခိုက်လာနိုင်တာကြောင့် တချို့ရွာတွေက ဒေသခံတွေကတော့ တိမ်းရှောင်နေကြပြီ ဖြစ်ပါတယ်။

ကွင်းကလေး (ယွာဖိုး) မှာ ဩဂုတ် ၂၃ ရက်နေ့က ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ အာဏာသိမ်း စစ်ကောင်စီဘက်ကနေ BGF တပ်ဖွဲ့တွေ ပါဝင်ခဲ့ပြီး ကေအန်ယူ ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေတဲ့နေရာမှာလည်း BGF တပ်ဖွဲ့ဝင် အများအပြား ပါဝင်ခဲ့ပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီက ကေအန်ယူတပ်မဟာ ၆ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူပလာယာခရိုင် အတွင်းကို ဩဂုတ် ၂၃ ရက်နေ့က စစ်ကြောင်းနှစ်ကြောင်းနဲ့ ပိတ်ဆို့ပြီး ထိုးစစ်ဆင်ခဲ့သလို ကမိုင်ကုန်းရွာဘက်ကိုလည်း လက်နက်ကြီး အချက်ပေါင်း ၅၀ ထက်မနည်း ပစ်ခဲ့တာကြောင့် ဒေသခံတွေ တိမ်းရှောင်ခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013