DVB Logo
Home
Lead Story
“ပြည်သူနဲ့အတူ ရပ်တည်မယ့် ရဲ‌ဘော်တွေ အများကြီး ရှိတယ်” တပ်မတော်သားတစ်ဦး
DVB
·
August 24, 2021
“ပြည်သူနဲ့အတူ ရပ်တည်မယ့် ရဲ‌ဘော်တွေ အများကြီး ရှိတယ်” တပ်မတော်သားတစ်ဦး
Donate to DVB

ကျနော် စစ်သားတစ်ယောက်ပါ။ ဒါပေမယ့် လက်ရှိ အာဏာသိမ်းတာမျိုးကို လုံးဝ မထောက်ခံပါဘူး။ လက်ရှိတပ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို ထုတ်လွှင့်ပေးစေလိုတယ်။ အခု ကျနော့် သူငယ်ချင်းရဲ့ အဖြစ်အပျက်လေးပါ။

သူက အခု ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်၊ နမ့်စန်အနီးက ခိုလမ်မြို့မှာရှိတဲ့ ခလရ (၆၆) လို့ ခေါ်တဲ့ အမှတ် (၆၆) ခြေလျင်တပ်ရင်းမှာ တာဝန်ကျနေတယ်။ အာဏာသိမ်းတာနဲ့ ပတ်သက်ပြီးတော့လည်း မထောက်ခံသူတစ်ဦးဖြစ်ပါတယ်။

အခု ခလရ(၆၆)ကို အသစ်ပြောင်လာတဲ့ တပ်ရင်းမှူးအသစ်ဟာ အရင်က တပ်မ (၇၇) ကွပ်ကဲမှုအောက်မှာရှိတဲ့ ခလရ (၆) ရွှေပြည်သာ၊ ရန်ကုန်ကနေ ပြောင်းလာတာလို့ပြောပါတယ်။ အာဏာသိမ်းတော့ တပ်မ (၇၇) က ရန်ကုန်မှာ လုံခြုံရေးအတွက် တာဝန်ယူခဲ့တယ်လို့ ပြောပါတယ်။ အဲ့တုန်းက သူ့ကြောင့် ဘဝပျက်ခဲ့ရတဲ့ မိသားစုနဲ့ လူငယ်တွေနဲ့ ပတ်သက်ပြီး ဂုဏ်ယူစွာနဲ့ ပြောနေတော့ အင်မတန်မှ ဝမ်းနည်းခဲ့ကြောင်းကို သူငယ်ချင်းက ရင်ဖွင့်လာတယ်။

အဆိုးဆုံးက တပ်နဲ့ပတ်သက်ပြီး ခေါင်းပုံဖြတ် အမြတ်ထုတ်နေတယ်တဲ့။ တပ်တွေမှာ အခုသုံးခွင့်ရတဲ့ ငွေတွေအနေနဲ့ တစ်လကို ၁၀ သိန်းလောက်သုံးလို့ရကြောင်း၊ အဲ့ငွေတွေကလည်း အမှန်ဆိုရင် စစ်သည်နဲ့ မိသားစုတွေအတွက် သက်သာချောင်ချိရေးအတွက် ဆောင်ရွက်ပေးရမှာ ဖြစ်ပေမယ့် တပ်ရင်းမှူးက သူ့ အိပ်ကပ်ထဲကိုပဲ ထည့်နေကြောင်း ပြောပြတယ်။

ရဲဘော်တွေဟာ အခုဆိုရင် မခံနိုင်တော့လို့ ပြီးခဲ့တဲ့ ၇ လပိုင်း လဝက်လောက်က တပ်သား မောင်နိုင်ဆိုတဲ့ တစ်ယောက်ဟာ ရှေ့တန်းစခန်းမှာပဲ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တယ်လို့ ပြောပြတယ်။ သူ့အပြစ်ပေါ်မှာစိုးလို့ အထက်လူကြီးတွေကို ငွေနဲ့ ပေးကမ်းပြီး စစ်သည်သေဆုံးမှုဟာ သူ့မိန်းမနဲ့စကားများ ရန်ဖြစ်ရာကနေ စိတ်တိုပြီး သတ်သေခဲ့တယ်လို့ အမှုစစ်ဆေးချက် စုံ/ခုံအမှုတွဲမှာ အဲလို့ ရေးသားခဲ့လို့ သူက ရာထူးမထိခိုက်ခဲ့ပေမယ့် သေဆုံးတဲ့ စစ်သည်မှာ အများကြီးနစ်နာခဲ့ပြီး လျော်ကြေးငွေတောင် မရခဲ့ဘူးလို့ ပြောပါတယ်။

အခု တပ်သား မောင်နိုင်ရဲ့ မိန်းမကိုလည်း ဘာမှ မထောက်ပံ့ပေးတဲ့အပြင် သူခမျာ ကလေး ၃ ယောက်နဲ့ အရမ်းစိတ်ညစ်ပြီး ရွာပြန်ဖို့အတွက် ပြင်နေဆင်နေပါတယ်။

တပ်မှာလည်း တပ်ရင်းမှူးရဲ့ နှိပ်စက်မှုကြောင့် စစ်သည်တွေ ရှေ့တန်းကနေ ထွက်ပြေးတာ ၅ ယောက်တောင်ရှိပြီလို့ ပြောပါတယ်။ စစ်ပြေးစစ်သည် ၅ ယောက်ကိုလည်း အထက်လူကြီးတွေဆီ တရားဝင် မတင်ပြဘဲ လစာနဲ့ ရိက္ခာတွေကို ခိုးယူပြီး တပ်ရေးဗိုလ်ကြီးကနေတစ်ဆင့် သူ့မိန်းမကို လစဥ် သွားအပ်ရတယ်လို့ ပြောပြလာပါတယ်။ လက်ရှိ တပ်က ရဲဘော်တွေက ထွက်ပြေးဖို့လည်း ရှိနေတယ်လို့ သိရပါတယ်။ 

အဲဒါကြောင့် သူတို့တပ်နဲ့ပတ်သက်ပြီး ညှဉ်းပန်းနှိပ်စက်ခံနေရတာတွေကို ပြည်သူတွေသိအောင် ပြောပြပေးဖို့နဲ့ စစ်ကောင်စီရဲ့ မတရား လုပ်ဆောင်မှုတွေကိုလည်း ခလရ (၆၆) က ရဲဘော်တွေအနေနဲ့ လုံးဝလက်မခံကြောင်းနဲ့ ပြည်သူက ရွေးကောက်တင်မြှောက်တဲ့ အရပ်သားအစိုးရကိုသာ လိုလားကြောင်း ရင်ဖွင့်လာပါတယ်။ အခုအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ပြည်သူတွေသိရှိအောင်နဲ့ ပြည်သူနဲ့အတူ ရပ်တည်မယ့် ရဲ‌ဘော်တွေ အများကြီး ရှိတယ်ဆိုတဲ့အကြောင်းကို ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။

တပ်မတော်သားတစ်ဦး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013