DVB Logo
Home
စိုက်ပျိုးရေး/တောင်သူလယ်သမား
ကိုဗစ်ကာလ အခက်အခဲ ကြုံနေရသည့် တံတားဦး ပဲမြစ်တောင်သူများ (ရင်ဖွင့်စာ)
DVB
·
January 19, 2021
ကိုဗစ်ကာလ အခက်အခဲ ကြုံနေရသည့် တံတားဦး ပဲမြစ်တောင်သူများ (ရင်ဖွင့်စာ)
1 / 7
Donate to DVB

တံတားဦးမြို့နယ်မှာ ကိုဗစ်ကာလ လော့ဒေါင်အစီအစဥ်တွေကြောင့် ပဲမြစ်တောင်သူတွေဟာ ပဲမြစ်တူးဖော်ချိန် နောက်ကျခဲ့ပြီး ပြီးခဲ့တဲ့နှစ်လောက် စျေးကောင်းမရတာကြောင့် အခက်အခဲ ကြုံတွေ့နေကြရတယ်လို့ ရင်ဖွင့်လာကြပါတယ်။

ပဲမြစ်စိုက်တောင်သူ ဦးခင်မောင်သိန်း

"ကိုဗစ် ၁၉ ကြောင့် စျေးသိပ်မကောင်းဘူး။ ဖွင့်လိုက် ပိတ်လိုက်ဆိုတော့ စျေးကွက်မဝင်တော့တာပေါ့။ ဒီဇင်ဘာလ စစချင်းက တူးရမှာက ကိုဗစ်ကြောင့် မလုပ်နိုင်တော့ဘူး၊ လော့ဒေါင်းချတာတွေ ဘာတွေနဲ့ဆိုတော့ လုပ်မရတော့ဘူး၊ ဖွင့်လိုက် ပိတ်လိုက်ဆိုတော့ စျေးကွက်မမိတော့တာပေါ့။"

မကျီးတောပဲမြစ်အရောင်းဆိုင် ကိုနေဝင်း

"ကိုဗစ်ကာလဆိုတော့ အရောင်းအဝယ်ကြပ်တယ်၊ အရင်နှစ်တွေက တစ်နေ့ကို လမ်းဘေးထိုင်ရောင်းတာကို ပိဿာချိန် ၂၀၀၊ ၃၀၀၊ ၄၀၀ ကုန်တယ်၊ အခုက တစ်နေ့ကို ပိဿာချိန် ၅၀ တောင် မနဲရောင်းနေရတယ်။"

ပြီးခဲ့တဲ့နှစ်က ပဲမြစ်တစ်ပိဿာ ၁၅၀၀ ကျပ်ကနေ ၃၀၀၀ ကျပ်ဝန်းကျင်ထိ စျေးရှိခဲ့ပေမဲ့ အခုနှစ်မှာ ကိုဗစ်ကြောင့် သုံးပုံ နှစ်ပုံလောက် ကျဆင်းသွားတာလို့ တောင်သူတွေက ဆိုပါတယ်။

သော်တာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013