DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနားမြို့ ရာဒါကောင်း စစ်ရှောင်စခန်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၁ ဦးတွေ့
DVB
·
August 23, 2021
မြစ်ကြီးနားမြို့ ရာဒါကောင်း စစ်ရှောင်စခန်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၁ ဦးတွေ့
Donate to DVB

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရာဒါကောင်းနယ်မြေ COC စစ်ရှောင်စခန်းမှာ သြဂုတ် ၂၂ ရက်နေ့က   ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၁ ဦးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

St. Luke's Covid -19 Response Team အဖွဲ့က စစ်ရှောင်ပြည်သူအယောက် ၈၀ အား ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးခဲ့ရာမှ ၂၁  ဦး ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တာပါ။

ကိုဗစ်ကူးစက်မှုထပ်မံ မပြန်ပွားစေဖို့ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့တဲ့ ရာဒါကောင်း စစ်ရှောင်စခန်းအတွင်း နေထိုင်သူတွေကို အသွားအလာ ကန့်သတ်ထားပါတယ်။        

မြစ်ကြီးနား မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ မြင့်တက်လာတဲ့အတွက် ပိုးတွေ့ရှိခဲ့တဲ့ စစ်ဘေးရှောင်စခန်း၊ ဘုန်းတော်ကြီးကျောင်း အပါအဝင် စားသောက်ကုန်ဆိုင်တွေ နေအိမ်တွေကို အသွားအလာကန့်သတ်ထားပြီး ဇူလိုင် ၁၃ ရက်နေ့က စတင်ကာ မြစ်ကြီးနားမြို့နယ်ကို  Stay at Home  မြို့နယ် အဖြစ် သတ်မှတ်ခဲ့ပါတယ်။             

ကချင်ပြည်နယ်မှာ ကိုဗစ်တတိယလှိုင်းအတွင်း ပိုးတွေ့လူနာစုစုပေါင်း ၁၂၆၉၉၅ ဦးနဲ့ သေဆုံးသူ ၃၀၆ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဩဂုတ် ၂၂ ရက်နေ့အထိ ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013