DVB Logo
Home
မြန်မာသတင်း
ကန်ပက်လက်ရှိ ကျေးရွာများကို အကြမ်းဖက်စစ်အုပ်စုက စားနပ်ရိက္ခာဖြတ်တောက်ထား
DVB
·
August 23, 2021
ကန်ပက်လက်ရှိ ကျေးရွာများကို အကြမ်းဖက်စစ်အုပ်စုက စားနပ်ရိက္ခာဖြတ်တောက်ထား
1 / 4
Donate to DVB

ချင်းပြည်နယ် ကန်ပတ်လက်မြို့နယ်ထဲက ကျေးရွာတွေကို အကြမ်းဖက်စစ်အုပ်စုက ရိက္ခာတွေဖြတ်တောက်ထားတာကြောင့် လူဦးရေ ၅၀၀၀ ကျော်လောက် အစားသောက်နဲ့ ဆေးဝါးတွေအကူညီလိုအပ်နေပါတယ်။

ကန်ပက်လက်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့က CDF တပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားပြီးကတည်းက စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကို စစ်ကောင်စီက ပိတ်ဆို့ဖြတ်တောက်လိုက်တာဖြစ်တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ကန်ပက်လက်မြို့နယ်က ကျေးရွာ ၃၀ ကျော်လောက်ဟာ ရိက္ခာအတွက် ကျင်ဒွေးမြို့ကို မှီခိုနေရတာဖြစ်ပါတယ်။ ဝဥပေါ်ချိန်မှာ ရောင်းဝယ်ခွင့်မရတာကြောင့် ရိက္ခာ လုံးဝပြတ်တောက်တော့မယ့်အခြေအနေနဲ့  ရင်ဆိုင်နေရပြီးတော့ ဆေးဝါးသယ်တဲ့သူတွေရင်လည်း စစ်တပ်က ဖမ်းဆီးတာရှိသလို  မြို့ထဲကို အဝင်မခံတော့ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် စက်သုံးဆီတွေလည် းဝယ်ယူလို့မရတာကြောင့် ဆိုင်ကယ်တွေ ဒီတိုင်းထိုးထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကန်ပက်လက်မြို့ကလည်း ရွာတွေနဲ့ အလှမ်းဝေးပြီးတော့ အကြမ်းဖက်စစ်အုပ်စုတွေက လိုက်လံဖမ်းဆီးနေလို့ ဘယ်သူမှ မသွားရဲကြဘူးလို့ ပြောပါတယ်။

ဒေသခံပြည်သူတွေဟာ ရာသီတုပ်ကွေးရောဂါနဲ့ တခြားဖျားနာတာတွေရှိနေပြီး ကျန်းမာရေးဝန်ထမ်းတွေ မရှိတဲ့အပြင် မြို့ပေါ်တွေမှာ ကုသမယ်ဆိုရင်လည်း လူနာတွေကိုပါ အဝင်မခံဘဲ ဆေးဝါးတွေပါ ဝယ်ယူခွင့်မပေးဘဲ ပိတ်ဆို့ထားတာကြောင့် အကူအညီတွေ လိုအပ်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013