DVB Logo
Home
မြန်မာသတင်း
ဘောလခဲမြို့နယ်၌ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၃ ဦးသေ၊ ၂ ဦး ဒဏ်ရာပြင်းထန်
DVB
·
August 23, 2021
ဘောလခဲမြို့နယ်၌ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၃ ဦးသေ၊ ၂ ဦး ဒဏ်ရာပြင်းထန်
Donate to DVB

ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၊ မက်စလောင်းတောင်မှာ ဩဂုတ် ၂၂ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၃ ဦးသေပြီး  ၂ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာတဲ့အတွက် ခုခံတိုက်ပွဲဖြစ်ပွားနေကြောင်းနဲ့ စစ်ကောင်စီအနေ နဲ့ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအနီးကို နယ်မြေစိုးမိုးနယ်ရေးအတွက် ဒရုန်းနဲ့ ကင်းထောက်မှုတွေ၊ လမ်းကင်းချထားမှုတွေ၊ စစ်ကြောင်းထိုးတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေ တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်ပွားတဲ့ ဘောလခဲမြို့နယ်အတွင်းက အရပ်သား ပြည်သူတွေကိုလည်း စစ်ကောင်စီဘက် ဖမ်းဆီးမှုတွေရှိနေတယ်လို့လည်း ဖော်ပြပါတယ်။

တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဘောလခဲမြို့နယ် နန်းဖဲရွာသားတစ်ဦးက  “ အဲမှာ သူတို့ တခါတလေ စစ်ကြောင်း ထိုးလို့ရှိရင် လူသားဒိုင်းကာခေါ်သွားတာ ကျမတို့ တွေ့ရတယ်။ အဲဒါ ကျမတို့ ရွာသူရွာသားလည်း ကြောက်နေကြတယ်လေ။ တချို့ဆိုရင် ရှောင်နေကြရတာတွေလည်းရှိတယ်။ အခုတလော ကျမတို့ရွာပြင်နားက မက်စလောင်းတောင်မှာ သူတို့အများကြီးရှိတယ်လို့တော့ ပြောတာပဲ။ မနေ့ကဆိုရင်လည်းသူတို့ KNDF နဲ့သူတို့ကြားမှာ တိုက်ပွဲဖြစ်တော့ ည ၁၀ နာရီဝန်းကျင်မှာ ကျမတို့ရွာကို လက်နက်ကြီးတွေနဲ့ထုတာတော့ရှိတယ်။ ”

ဒါအပြင် စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသူတွေဟာ မည်သူမည်ဝါ ဘယ်ရွာကနေ ဖမ်းလဲဆိုတာ မသိရပေမယ် ရွာတွင်းဖြတ်သန်းချိန်မှာတော့ အဲလိုလူတွေကို ခေါ်ဆောင်သွားတောတွေကိုတွေ့ရကြောင်းလည်း‌ပြောပါတယ်။

ဒီလိုစစ်ဖြစ်နေတဲ့အကြား သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေအတွက်များစွာ စိုးရိမ်နေရသလိုပဲ တဖက်မှာလည်း ကိုဗစ်-၁၉ ရောဂါဟာ လွိုင်ကော်နဲ့ ဘောလခဲမြို့တွေမှာ မြင့်တက်လာနေတဲ့အတွက် ကျေးရွာဒေသခံတွေအတွက် လိုအပ်တဲ့အစားသောက်စရာဝယ်ဖို့ ဘောလခဲ ဘက်ကို သွားလို့မရတော့သလို လွိုင်ကော်သွားပြန်ရင်လည်း ပြန်ဝင်လို့မရတော့တဲ့အနေအထား မှာရှိနေတဲ့အတွက် စားဝတ်နေရေးအတွက် အခက်အခဲများစွာ ရင်ဆိုင်နေရတယ်လို့လည်း အဆိုပါ နန်းဖဲဒေသခံက ပြောပါတယ်။ 

“ကျမတို့လည်း အရမ်းကို စိုးရိမ်ရတယ်ပေါ့နော်။  ကျမတို့ ဒီဘောလခဲမှာ ကိုဗစ် ကူးတဲ့လူတွေရှိပြီဆိုတော့ ဘယ်ဘက်မှ သွားလို့မရဘူး။ ကျမတို့ ဒီဘောလခဲဘက်သွားပြီး ပစ္စည်းဝယ်လို့လည်းမရ၊ လွိုင်ကော်ဘက်သွားတော့လည်းပြန်ရွာဝင်ခွင့်လည်းမရတော့ဘူးဆိုတော့ ကျမတို့ အတွက် အရမ်း အခက်အခဲဖြစ်တယ်။ ဒီလိုမျိုးဖြစ်ခြင်းအားဖြင့် ကျမတို့ အပြည်သူလူထုတွေအတွက် အများကြီး ပြဿနာဖြစ်နိုင်တယ်ပေါ့နော်။ ကျန်းမာရေးဖြစ်ဖြစ်၊ စားဝတ်နေရေးအတွက်အတွက် အရမ်းခက်ခဲနေတာပေါ့နော်။ ဘယ်လောက်ပဲ ခက်ခဲနေမပေမယ့်လည်းကျမလည်း အရေးတော်ပုံ အောင်စေချင်ပါတယ်လို့။ ” 

နန်းဖဲကျေးရွာအထွက်က စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့တဲ့ မေလကုန်ပိုင်းက KNPP နဲ့ PDF ပူးပေါင်းတပ်တွေက တက်ရောက်သိမ်းပိုက်ခဲ့ပြီး အားလုံးကို မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။ အခုချိန်ထိ အဆိုပါနေရာကို စစ်ကကောင်စီတပ်က ပြန်လည်နေရာချနိုင်ခြင်းမရှိသေးပါဘူး။ 

အလားတူ ဖယ်ခုံမြို့နယ်၊ ပင်ပုံ၊ လယ်ဟွဲနဲ့  ‌ရွှေပြည်အေးကျေးရွာတွေမှာ အကြမ်းဖက် စစ်ကောင်စီတပ်တွေ တပ်စွဲထားပြီး တာဝါတိုင်လုံခြုံရေး အကြောင်းပြုကာ အဲဒီအနီးတဝိုက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းချီရာလမ်းကြောင်းတစ်လျှောက်က  ကျေးရွာတွေမှာ ပြည်သူတွေကို ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်တာ၊ ဓားစာခံ လူသားဒိုင်း အဖြစ်အသုံးပြုနေတာ၊ ခြိမ်းခြောက်တာတွေအပြင် နေအိမ်တွေကို ဖောက်ထွင်းဖျက်ဆီးပြီး  ပြည်သူပိုင်ပစ္စည်းတွေကို အဓမ္မသိမ်းပိုက်တာစတဲ့ စစ်ရာဇဝတ်မှုတွေ  ကျူးလွန်နေကြောင်းလည်း KNDFက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013