DVB Logo
Home
မြန်မာသတင်း
တရက်တည်း ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာသစ် ၂၁၀၀ ဦးနှင့် သေဆုံး ၁၃၈ ဦးရှိ
DVB
·
August 23, 2021
တရက်တည်း ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာသစ် ၂၁၀၀ ဦးနှင့် သေဆုံး  ၁၃၈  ဦးရှိ
1 / 5
Donate to DVB

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၁၀၀ ကျော်နဲ့  ၁၃၈ ယောက်  ထပ်မံသေဆုံးခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေး ဝန်ကြီးဌာနက ဩဂုတ် ၂၂ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကိုတော့ မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာတော့ မနေ့က ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၈,၉၉၁  ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၂၁၇၃ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၂၄ ဒသမ ၂ ရာခိုင်နှုန်း  ရှိနေတာ ဖြစ်ပါတယ်။

ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူ အရေအတွက်ကတော့ ၃၅၃၇ ယောက် ရှိနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူစုစုပေါင်း ၁၄,၃၇၄  ယောက်နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၇၃,၆၈၅ ယောက် ရှိနေခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် နိုင်ငံတဝန်း စာသင် ကျောင်းတွေပိတ်ထားသလို ရောဂါကိုထိန်းချုပ်နိုင်ဖို့ အများပြည်သူရုံးပိတ်ရက်အဖြစ် အခုလကုန် ဩဂုတ် ၃၁ ရက်အထိကိုလည်း တိုးမြှင့်သတ်မှတ်ကြောင်း စစ်ကောင်စီက ကြေညာထားပါတယ်။

ဒါ့အပြင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်နဲ့ တနင်္သာရီတိုင်းက ထားဝယ်၊ မြိတ်မြို့နယ်တို့ကို မနေ့ မနက်ပိုင်းကစလို့ Stay At Home မြို့တွေအဖြစ် ထပ်မံသတ်မှတ်လိုက်ပါတယ်။

 မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အနက်  အခုအခါ သုံးပုံတပုံကျော်ဖြစ်တဲ့ ၁၁၄ မြို့နယ်မှာ Stay At Home အမိန့်ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013