DVB Logo
Home
မြန်မာသတင်း
Raffle Ticket ဝယ်ယူသူများကို ကျားပေါက်၏ အနုပညာလက်ရာ Doodle Art လက်ဆောင်ပေးမည်
DVB
·
August 22, 2021
Raffle Ticket ဝယ်ယူသူများကို ကျားပေါက်၏ အနုပညာလက်ရာ Doodle Art လက်ဆောင်ပေးမည်
Donate to DVB

တော်လှန်ရေးအတွက် 5 Million Challenge ရဲ့ Raffle Ticket  ဝယ်ယူတဲ့ ပြည်သူတွေကို တုံ့ပြန်ပေးအပ်သွားမယ့် ဆုတွေထဲမှာ နာမည်ကြီးလူငယ်အဆိုတော် ကျားပေါက်ရဲ့ အနုပညာလက်ရာ တစ်ခုလည်း ပါဝင်ပါတယ်။

တတိယမြောက် Grand Prize ဆုအဖြစ် ကျားပေါက် ခံစားဖန်တီးပေးထားတဲ့   “YOUR DAYS WILL COME” ဆိုတဲ့ Doodle Art  အနုပညာလက်ရာပစ္စည်းတစ်ခုကို လက်မှတ် ဝယ်ယူ အားပေးကြတဲ့ ပြည်သူတွေထဲက ကံထူးရှင်က ရရှိမှာဖြစ်ပါတယ်။  

စစ်အာဏာရှင်ရဲ့ဖိနှိပ်မှုတွေကို ဆန့်ကျင်တော်လှန်နေတဲ့ အဆိုတော် ကိုကျားပေါက်က “YOUR DAYS WILL COME” ဆိုတဲ့ အဓိပ္ပာယ်လေးက နှစ်ဘက်လုံးအတွက် အဓိပ္ပာယ်ရှိတယ်။ ကျွန်တော်တို့ အောင်ပွဲခံရမယ့် နေ့ရက်တွေ ရောက်လာတော့မှာ။ အဲဒီလိုပဲ သူတို့ ကျရှုံးမယ့် နေ့ရက်တွေလည်း မဝေးတော့ဘူးဗျ။ နွေဦးတော်လှန်ရေးအတွက် အင်တိုက်အားတိုက်ပါဝင်နေတဲ့ ဒီ 5 Million Challenge ရန်ပုံငွေပွဲလေးအတွက် ကျွန်တော် ခံစားရေးဆွဲထားတဲ့ ဒီ Doodle လေးကို တုံ့ပြန်လက်ဆောင်အဖြစ်ပေးချင်ပါတယ်။ ကျွန်တော်ရဲ့ Doodle လေးကြည့်ပြီး အောင်ပွဲ နေ့ရက်တွေအတွက် တူတူတိုက်ပွဲဝင်ခဲ့ကြတာကို အမှတ်ရနေအောင်ပါ။”လို့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ 

အလားတူ တော်လှန်ရေးအတွက် Raffle Ticket  ဝယ်ယူတဲ့ ပြည်သူတွေကို တုံ့ပြန်ပေးအပ်သွားမယ့် ဆုတွေထဲမှာ ၈၈ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ရဲ့ လက်ရာ ပန်းချီကား တချပ်လည်း ပါဝင်ပါတယ်။

“ယုံကြည်ရာ ခြေတစ်လှမ်း၊ တော်လှန်ရေးအတွက် ငါးသန်း”လို့ အမည်ပေးထားတဲ့ Challenge Campaign  အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၁၂ ရက်က စတင်ကာ တော်လှန်ရေးအတွက် အမေရိကန် ဒေါ်လာ ၅ သန်း ပမာဏရှိ Raffle Ticket တွေရောင်းချ အလှူငွေကောက်ခံရောင်းချနေတာပါ။

ဩဂုတ် ၂၁ ရက်အထိ နိုင်ငံပေါင်း ၂၀ ကျော်ကနေ  Raffle Ticket လက်မှတ်ပေါင်း ၃၆၅၆၀၀ ကျော်  ဝယ်ယူအားပေးထားကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013