DVB Logo
Home
နိုင်ငံတကာ
အီတလီကမ်းရိုးတန်းအနီး၌ ရွှေ့ပြောင်းနေထိုင်သူ ၃၂ ဦးကို ကယ်တင်
DVB
·
April 6, 2026
Photo: SEA-WATCH
Photo: SEA-WATCH
Donate to DVB

အီတလီကမ်းရိုးတန်းနားက ကုန်တင်သင်္ဘော ၂ စင်းက အီစတာပိတ်ရက်မှာ လစ်ဗျားနိုင်ငံကနေ ဥရောပဆီ ဖြတ်ကျော်ရောက်ရှိဖို့ ကြိုးစားနေတဲ့ စက်လှေတစင်းကနေ ရွှေ့ပြောင်းအလုပ်သမား ၂ ယောက်ရဲ့ အလောင်းတွေကို ပြန်ရှာတွေ့ခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ ၃၂ ယောက်ကို ကယ်တင်ခဲ့တယ်လို့ ကယ်ဆယ်ရေး ပရဟိတအဖွဲ့တွေက ရှင်သန်ကျန်ရစ်သူတွေကို ကိုးကားပြီး ဧပြီ ၅ ရက်မှာ ပြောပါတယ်။

သူတို့ကို အီတလီ ကမ်းခြေစောင့်တပ်ရဲ့ ကင်းလှည့်လှေတစင်းဆီ ပြောင်းပေးခဲ့ပြီး အီတလီကျွန်း လမ်ပေဒူဆာဆီကို ခေါ်သွားခဲ့တယ်လို့ မြေထဲပင်လယ် လူကယ်ဆယ်ရေးအဖွဲ့ Mediterranean Saving Humans နဲ့ ပင်လယ်ပြင်စောင့်ကြည့်ရေးအဖွဲ့ Sea-Watch တို့က ပြောပါတယ်။

အီတလီပြည်ထဲရေးဝန်ကြီးဌာနက အစီရင်ခံစာနဲ့ပတ်သက်ပြီး မှတ်ချက်မပေးခဲ့ပါဘူး။ အီတလီ ကမ်းခြေစောင့်တပ်ကလည်း မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို ချက်ချင်းမတုံ့ပြန်ပါဘူး။ တနင်္ဂနွေနေ့ဟာ အီတလီနိုင်ငံရဲ့ အဓိကရုံးပိတ်ရက်ဖြစ်တဲ့ အီစတာပွဲတော်နေ့လည်း ဖြစ်ပါတယ်။

သင်္ဘောပေါ်မှာ မူလက ခရီးသည် ၁၀၅ ယောက် ပါပြီး ပင်လယ်ပြင်မှာ ၇၁ ယောက် ပျောက်သွားတယ်လို့ အသက်ရှင်ကျန်ရစ်သူတွေကို ကိုးကားပြီး ကယ်ဆယ်ရေး ပရဟိတအဖွဲ့တွေက ပြောခဲ့ပါတယ်။

Sea-Watch က ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုထဲမှာ ကုန်သည်သင်္ဘောတစင်း ချဉ်းကပ်လာချိန်မှာ တိမ်းမှောက်နေတဲ့ လိမ္မော်ရောင်လှေတစင်းကို လူတဒါဇင်လောက်က ဆုပ်ကိုင်ထားတာကို ပြသထားပါတယ်။

အခုနှစ် မြေထဲပင်လယ်ဒေသမှာ ရာသီဥတု ဆိုးရွားလို့ မြောက်အာဖရိကကနေ ထွက်ခွာသူ အရေအတွက်ကို ကန့်သတ်ထားပြီး ပင်လယ်ထဲထွက်လာသူတွေအတွက် ပြဿနာကြီးတွေ ပေါ်ပေါက်ခဲ့ပါတယ်။

အခုနှစ်မှာ မြေထဲပင်လယ် အလယ်ပိုင်းမှာ လူ ၆၈၃ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်မှုအဖွဲ့အစည်း (IOM) က ခန့်မှန်းထားပါတယ်။

၂၀၁၄ ခုနှစ်နောက်ပိုင်း လူအများဆုံး သေဆုံးတဲ့နှစ်တွေထဲက တနှစ် ဖြစ်လာခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013