DVB Logo
Home
မြန်မာသတင်း
မန္တလေးမြို့၌ ၁ ပတ်အတွင်း ကိုဗစ်-၁၉ ကြောင့် ၁၆၀ ခန့် သေဆုံး
DVB
·
August 22, 2021
မန္တလေးမြို့၌ ၁ ပတ်အတွင်း ကိုဗစ်-၁၉ ကြောင့် ၁၆၀ ခန့် သေဆုံး
1 / 11
Donate to DVB

မန္တလေးမြို့မှာ သြဂုတ် ၁၅ ရက် မှ ၂၁ ရက်အတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၁၆၀ ဝန်းကျင် ရှိခဲ့တယ်လို့ မန္တလေးမြို့ခံလူမှုကူညီရေးအသင်းက သိရပါတယ်။ 

စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သြဂုတ် ၁၅ ရက် မှ သြဂုတ် ၂၁ ရက်နေ့ထိ ထုတ်ပြန်ချက်မှာ မန္တလေးမြို့မှာ ကိုဗစ်ကူးစက်ခံရသူ  ၈၈ ဦးရှိပြီး ကိုဗစ်ကြောင့် သေဆုံးသူ ၄၆ ဦး ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

သြဂုတ်လ ၂၁ ရက် တစ်ရက်တည်းမှာ သံဃာတော်တစ်ပါး အပါအဝင် ကိုဗစ်လူနာ ၁၆ ဦး သေဆုံးခဲ့ပါတယ်။  မန္တလေးဆေးရုံကြီးရင်ခွဲရုံက ကိုဗစ်လူနာ ၈ ဦး၊ မြို့တော်ဆေးရုံက ကိုဗစ်လူနာ ၁ ဦး၊ ကုတင် ၃၀၀ သင်ကြားရေးဆေးရုံက ကိုဗစ်လူနာ ၁ ဦး၊ အရပ်ထဲမှာ ကိုဗစ်လူနာ ၆ ဦး သေဆုံးခဲ့ရပါတယ်။

ဖော်ပြပါ ကိုဗစ်ကြောင့် သေဆုံးသူ စာရင်းဟာ မန္တလေးမြို့ခံပရဟိတအသင်းတချို့ရဲ့ ကူညီဆောင်ရွက်ပေးခဲ့ အချက်အလက်တွေသာဖြစ်ပါတယ်။

သေဆုံးသူအများစုက အသက်အရွယ်ကြီးသူတွေ ရောဂါအခံရှိသူတွေဖြစ်ပြီး ဆေးခန်းမပြသနိုင်ခြင်း၊ ဆေးဝါးအခက်အခဲ၊ အောက်ဆီဂျင်အခက်အခဲတို့ကြောင့် သေဆုံးကြတာပါ။

ဇူလိုင် တစ်လအတွင်း ကိုဗစ်လူနာ နဲ့ သံသယရှိသူ ၂၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ မြို့ခံလူမှုကူညီရေးအသင်းက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013