DVB Logo
Home
မြန်မာသတင်း
ရွှေလီဘက် ပိတ်မိနေသည့် ရွှေ့ပြောင်းလုပ်သား ၄၀၀ ကျော် မြန်မာနိုင်ငံ ပြန်ခွင့်ရ
DVB
·
August 21, 2021
ရွှေလီဘက် ပိတ်မိနေသည့် ရွှေ့ပြောင်းလုပ်သား ၄၀၀ ကျော် မြန်မာနိုင်ငံ ပြန်ခွင့်ရ
1 / 6
Donate to DVB

တရုတ်-မြန်မာနယ်စပ် ရွှေလီဘက်မှာ ပိတ်မိနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၄၀၀ ကျော် ဩဂုတ် ၂၁ ရက်မှာ နန်းတော်ဂိတ်ကနေ ပြန်ခွင့်ရခဲ့တယ်လို့ မြန်မာဘက် လွှဲပြောင်း လက်ခံသူတွေဆီက သိရပါတယ်။

ဩဂုတ် ၂၁ ရက်က အမျိုးသား ၂၃၅ ဦး၊ အမျိုးသမီး ၂၂၆ ဦး စုစုပေါင်း ၄၆၁ ဦး ပြန်လည်ဝင်ရောက်လာတယ်လို့ မြန်မာဘက်က လွှဲပြောင်းလက်ခံရာမှာ ပါဝင်သူတဦးက ပြောပါတယ်။

“မနက်ဖြန်လည်း မပိတ်လောက်ပါဘူး။ ဖွင့်မယ်လို့ သိရတယ်။ မနက်ဖြန်တော့ ဖွင့်ဖို့ သေချာတယ်။ လူတွေ ကျန်သေးတယ်။ မနေ့က စာရင်းသွင်းထားတဲ့သူ‌တွေ မပြန်ရတဲ့သူတွေရှိ ပါသေးတယ်။ နောက်ရက်တွေတော့ မသိဘူး။” 

ပုံမှန် မြန်မာစံတော်ချိန် မနက် ၈ နာရီမှ ၁၂ နာရီအထိ သတ်မှတ်ထားပေမဲ့ မွန်းလွဲ ၁ နာရီခွဲ အထိ ဂိတ်ပေါက်ဖွင့်ပေးတယ်လို့ သူက ပြောပါတယ်။

ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုအခြေအနေကြောင့် မြန်မာနဲ့ တရုတ် နယ်စပ်တလျှောက် တရုတ်အစိုးရအနေနဲ့ တင်းတင်းကျပ်ကျပ် ကာကွယ် ထိန်းချုပ်ကုသနေတာကြောင့် လော့ခ်ဒေါင်း ကာလ ကြာရှည်လာတဲ့အပြင် လုပ်ငန်းတွေလည်ပတ်မှု မရှိတော့လို့ မြန်မာလုပ်သားများ အလုပ်လက်မဲ့ဖြစ်ကာ စရိတ်ပြတ် ခက်ခဲနေတာကြောင့် ပြန်ကြရတာလို့ ပြန်လာသူတွေက ပြောပါတယ်။ 

တရုတ်အစိုးရအနေနဲ့ တစ်ပတ် တစ်ကြိမ် ခက်ခဲသူတွေအားလုံးကို ဆန်၊ ဆီ၊ ခေါက်ဆွဲတွေ ထောက်ပံ့ပေးပေမယ့် အများစုက Lockdown ကာလ ကြာရှည်လာတာနဲ့အမျှ အလုပ်အကိုင်နဲ့ ဝင်ငွေမရှိတော့သလို အခန်းခလည်း ပေးစရာ ခက်ခဲနေတာကြောင့် မြန်မာရွှေ့ပြောင်းလုပ်သား တချို့ကို အိမ်ရှင်တွေနဲ့ အလုပ်ရှင်တွေက လက်မခံချင်ကြတော့ဘူးလို့ ဆိုပါတယ်။

ဒါကြောင့် ရဲစခန်းရှေ့မှာ မြန်မာလုပ်သား ၁၀၀ ကျော်ဟာ ဩဂုတ် ၁၉ ရက်မနက်ကစ အထုပ်အပိုးတွေနဲ့ လမ်းဘေးမှာအိပ်ပြီး မြန်မာနိုင်ငံပြန်နိုင်ဖို့ တောင်းဆိုခဲ့ကြရတယ်လို့ ပါဝင်ခဲ့သူ တစ်ဦးက ပြောပါတယ်။

တရုတ်-မြန်မာ နယ်စပ်ရောက် မြန်မာနိုင်ငံသားတွေအား တရုတ်ဘက်ကနေ ဇူလိုင် ၂၆ ရက်မှ ဩဂုတ်လ ၁၀ ရက်နေ့အထိ နန်းတော် တရားဝင် ဂိတ်ပေါက်ကနေ မြန်မာဘက်ကို ၁၆ ရက် ဆက်တိုက် လွှဲပြောင်းခဲ့ပါတယ်။

နန်းတော်တရားဝင် ဂိတ်ပေါက်ကို တရုတ်ဘက်က ဩဂုတ် ၁၁ ရက်ကစပြီး ယာယီ ပြန်ပိတ်လိုက်ပြီး မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ဩဂုတ် ၁၆ ရက်မှာ  တစ်သုတ်၊ ဩဂုတ် ၂၁ ရက်မှာ တစ်သုတ် နှစ်နိုင်ငံ နယ်စပ်အစိုးရများ ညှိနှိုင်းကာ ပြန်လည်လွှဲပြောင်း လက်ခံခဲ့ကြတာ ဖြစ်ပါတယ်။

နန်းတော် တရားဝင်ဂိတ်မှ ဇူလိုင် ၂၆ ရက်မှ ဩဂုတ် ၂၁ ရက်အထိ နှစ်နိုင်ငံ လွှဲပြောင်း လက်ခံခဲ့တဲ့ တရုတ်နယ်စပ်ကနေ မြန်မာနိုင်ငံ ပြန်လာသူ ၅၃၃၅ ဦးရှိပြီး တရားမဝင် နယ်စပ် ခိုးဝင်ပေါက်ကနေ ပြန်လာရသူတွေလည်း အများအပြား ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013