DVB Logo
Home
မြန်မာသတင်း
သိမ်ဇရပ်တွင် အမျိုးသား ၁ ဦး ပစ်သတ်ခံရ
DVB
·
August 21, 2021
သိမ်ဇရပ်တွင် အမျိုးသား ၁ ဦး ပစ်သတ်ခံရ
1 / 2
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ ကညင်အိုင်ကျေးရွာမှာ ဩဂုတ် ၂၁ ရက် မနက်ပိုင်းက  အမျိုသား ၁ ဦး သေနတ်နဲ့ ပစ်ခံရလို့ သေဆုံးသွားပါတယ်။ 

အသက် ၆၀ နှစ်အရွယ် ဦးအေးဝင်းဟာ စစ်ကောင်စီသတင်းပေး ဒလန်လို့ လူသိများသူဖြစ်ပြီး  ကညင်အိုင်ကျေးရွာရှိ သူ့ရဲ့နေအိမ်မှာ ဖွင့်လှစ်ထားတဲ့ ဈေးဆိုင်မှာ ဈေးရောင်းနေစဉ် အမည်မသိ သေနတ်သမား ၂ ဦးက ဆိုက်ကယ်နဲ့ လာရောက်ပြီး ပစ်ခဲ့တာလို့ ဒေသခံက ပြောပါတယ်။

သေနတ်နဲ့ ပစ်ခံရသူ ဦးအေးဝင်းဟာ သေနတ်ဒဏ်ရာ ၄ ချက် ရရှိခဲ့ပြီး အခင်းဖြစ်‌နေရာမှာ ပွဲချင်းပြီး သေဆုံးသွားတာ ဖြစ်ပါတယ်။ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက အနီးအနားမှာ ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အခုဖြစ်စဉ်အပါအဝင် သိမ်ဇရပ်မြို့‌မှာ‌ ၄ ရက်အတွင်း စစ်ကောင်စီ သတင်းပေး ဒလန် ၂ ဦး ပစ်သတ်ခံရတာပါ။ ဩဂုတ် ၁၇ ရက်ကလည်း  စစ်ကောင်စီသတင်းပေးလို့ လူသိများတဲ့ ဦးသိန်းဝင်း သေနတ်နဲ့ ပစ်သတ်ခံရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013