DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေးအတွက် Raffle Ticket ဝယ်ယူသူများကို ပေးအပ်မည့် ဆုများတွင် မင်းကိုနိုင်၏ “နွေ ဦး” ပန်းချီကားပါဝင်
DVB
·
August 21, 2021
တော်လှန်ရေးအတွက် Raffle Ticket ဝယ်ယူသူများကို ပေးအပ်မည့် ဆုများတွင် မင်းကိုနိုင်၏ “နွေ ဦး” ပန်းချီကားပါဝင်
Donate to DVB

တော်လှန်ရေးအတွက် Raffle Ticket  ဝယ်ယူတဲ့ ပြည်သူတွေကို တုံ့ပြန်ပေးအပ်သွားမယ့် ဆုတွေထဲမှာ ၈၈ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ရဲ့ လက်ရာ ပန်းချီကား တချပ်လည်း ပါဝင်ပါတယ်။

ဒီပန်းချီကားကိုတော့ “နွေဦး” လို့ အမည်ပေးထားပြီး မင်းကိုနိုင်ရဲ့ လက်မှတ်နဲ့အတူ Grand Prize တွေထဲက တခုအဖြစ် ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

“ဒီရန်ပုံငွေပွဲမှာ ပူးပေါင်းပါ၀င်ပေးကြသူများ၊ အလှူရှင်များအားလုံးဟာလည်း လုပ်နိုင်ကြတာထက်ပိုပြီး ကြိုးစား​နေကြတာပါ။ ထို့အတူပဲ ကိုမင်းကိုနိုင်က သူ့နှလုံးသားနဲ့ ခံစားရေးဆွဲထားတဲ့ “နွေဦး”ပန်းချီကားလေးကို သူ ပါဝင်အားစိုက်ထားတဲ့ လုပ်အားအဖြစ် ဒီရန်ပုံငွေပွဲမှာ တုံ့ပြန်လက်ဆောင်ပေးမှာပါ။ ကိုမင်းကိုနိုင်က ဒီပန်းချီကားလေးရရှိမယ့်သူကို သူနဲ့ ရေစက်ဆုံတဲ့သူပါလို့ ဆိုထားတာကြောင့် ကိုမင်းကိုနိုင်နဲ့ ​ရေစက်ဆုံဖို့ ဒီပန်းချီကား​လေး ရနိုင်မယ့်အခွင့်အရေးကို ကြိုးစားရ​အောင် 5 Million Challenge ရဲ့ Raffle Ticket ဝယ်ယူပြီး တုံ့ပြန်လက်ဆောင် Grand Prize လေးကို ကံစမ်းနိုင်ပါပြီ”

“ယုံကြည်ရာ ခြေတစ်လှမ်း၊ တော်လှန်ရေးအတွက် ငါးသန်း”လို့ အမည်ပေးထားတဲ့ ဒီ Challenge Campaign မှာ အမေရိကန်ဒေါ်လာ ၅ သန်းကို သြဂုတ်လအတွင်း ပြည့်မီအောင် ကမ္ဘာအနှံ့မှာ ရှိတဲ့ CRPH - OFP Fundraisers တွေက အလှူငွေ ကောက်ခံပေးသွားမှာဖြစ်ကာ ရရှိလာတဲ့ အလှူငွေတွေကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဦးစီးပြီး မြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့ နွေဦးတော်လှန်ရေးမှာ တထောင့်တနေရာက ပါဝင်နေကြတဲ့ ပြည်သူနဲ့ လူငယ်တွေရဲ့ စားဝတ်နေရေးနဲ့ တခြားသော လိုအပ်ချက်တွေကို ကူညီထောက်ပံ့နိုင်ဖို့ ပြန်လည် ခွဲဝေပေးအပ်သွားမယ်လို့ ဆိုပါတယ်။

ဒီ Challenge Campaign ဟာ အောင်လံလွှင့်ချီနွေဦးထီနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိဘဲ ဒီအစီအစဉ်မှာ ပါဝင်လှူဒါန်းကြမယ့် ပြည်သူတွေကို ပြန်လည်တုံ့ပြန်တဲ့အနေနဲ့လည်း Raffle Ticket တွေကို သြဂုတ် လကုန်ပိုင်းကာလမှာ မဲနှိုက်ပေးပြီး တော်လှန်ရေး အမှတ်တရ ပန်းချီကားနဲ့ တခြားပစ္စည်းလေးတွေကို မဲဖောက်ပေးသွားမယ်လို့ ဆိုပါတယ်။

Raffle Ticket တစ်စောင်ကို အခြေခံအားဖြင့် အမေရိကန် ဒေါ်လာ ၁၀ ဒေါ်လာ သတ်မှတ်ထားပြီး Ticket နှုန်းထားတွေဟာ မိမိတို့နေထိုင်ရာနိုင်ငံအလိုက် အသုံးပြုတဲ့ ငွေကြေးနဲ့ ငွေကြေးလဲလှယ်နှုန်းပေါ်မူတည်ပြီး အပြောင်းအလဲ ရှိနိုင်ပါတယ်။

စစ်ကောင်စီရဲ့ မတရားဖိနှိပ်မှုအောက်မှာ နေထိုင်နေရသည့်တိုင်အောင် အုပ်တချပ် သဲတပွင့် ပါဝင်လှူဒါန်းလိုသူ မြန်မာနိုင်ငံထဲက ပြည်သူတွေအတွက် Raffle Ticket ကို တော့ အထူးစျေးနှုန်း မြန်မာငွေတသောင်းကျပ် သတ်မှတ်ပေးထားတာ ဖြစ်ပါတယ်။

ဒီကနေ့ ဩဂုတ်လ ၂၁ ညနေ ၅ နာရီလောက်အထိ နိုင်ငံပေါင်း ၂၀ ကျော်ကနေ  Raffle Ticket လက်မှတ်ပေါင်း ၃၆၅၆၀၀ ကျော်  ဝယ်ယူအားပေးထားကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013