DVB Logo
Home
မြန်မာသတင်း
နှိပ်စက်ခံရပြီး သေဆုံးခဲ့သည့် ကျောက်ကန်ရွာသား ကိုသက်နိုင်ဦးအပါအဝင် ကျဆုံးပြည်သူ ၁၀၀၇ ဦးရှိလာ
DVB
·
August 20, 2021
နှိပ်စက်ခံရပြီး သေဆုံးခဲ့သည့် ကျောက်ကန်ရွာသား ကိုသက်နိုင်ဦးအပါအဝင် ကျဆုံးပြည်သူ ၁၀၀၇ ဦးရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၆ လခွဲကျော်အကြာ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၀၀၆ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဩဂုတ် ၁၉ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၇၃၅၅ ယောက် ဖမ်းဆီးခံခဲ့ရကာ ၅၇၄၇ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၅၅ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်ကတော့ ၁၉၈၄ ယောက်ရှိနေပြီဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကျောက်ကန်ကျေးရွာက ကိုသက်နိုင်ဦးကို အကြမ်းဖက်စစ်အုပ်စုတပ်တွေက ဩဂုတ် ၁၈ ရက်ညပိုင်းက ဖမ်းဆီးခဲ့ပြီး တညလုံး ရိုက် နှက်ညှဉ်းပန်းနှိပ်စက်တာကြောင့် နောက်တရက်မနက်ပိုင်းမှာ ကျဆုံးသွားခဲ့တယ်လို့ သိရှိ ရပါတယ်။ ကိုသက်နိုင်ဦးဟာ အကြမ်းဖက်စစ်အုပ်စုတပ်တွေ တပ်စွဲထားတဲ့ ကျောက်ကန် ကျေးရွာ စာသင်ကျောင်း တောင်ဘက်ကနေ နေအိမ်ဘက်ပြန်လာချိန်မှာ ဓာတ်မီးရောင် တွေ့တယ်ဆိုကာ အကြောင်းမဲ့ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) လွှတ်တော်ကိုယ်စားလှယ် ၃ ယောက်ရဲ့ နေအိမ်တွေကို သြဂုတ် ၁၈ ရက်နေ့လယ်ပိုင်းက ရဲနဲ့ စစ်သားတွေက ဝင်ရောက်စီးနင်းခဲ့ပြီး မိသားစုဝင်တချို့ကို ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုခံထားတဲ့ ဝါရင့်သတင်းစာ ဆရာ ဦးစည်သူအောင်မြင့်ကို သူတိမ်းရှောင်နေတဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် အတွင်းက တိုက်ခန်းတခုမှာ အကြမ်းဖက်စစ်အုပ်စုက ဩဂုတ် ၁၅ ရက်နေ့ ညအချိန်က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ဦးစည်သူအောင်မြင့်ဟာ VOA၊ Frontier Myanmar Magazine တွေရဲ့ ပင်တိုင်ဆောင်းပါးရှင် တယောက်ဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုကို ဝေဖန်တဲ့ သတင်းဆောင်းပါး၊ သရော်စာတွေရေးသားတာကြောင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ်စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထားရသူတွေ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီး သီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အသိပေးအကြောင်းကြားဖို့ အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013