DVB Logo
Home
မြန်မာသတင်း
CDF-မင်းတပ်နှင့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံး
DVB
·
August 19, 2021
CDF-မင်းတပ်နှင့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံး
Donate to DVB

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့  ၄ ရက်ကြာ တိုက်ပွဲဖြစ်ပွားပြီး  စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံးကာ မင်းတပ်အနီးရှိ   ၁၆ မိုင်စခန်းကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့တယ်လို့ CDF မင်းတပ်တပ်ဖွဲ့က  သြဂုတ် ၁၈ ရက် ညပိုင်းက ကြေညာပါတယ်။

စစ်ကောင်စီတပ်တွေဟာ လူသူလက်နက်အင်အား အလုံးအရင်းနဲ့ စစ်မျက်နှာခွဲကာ ထိုးစစ်ဆင်လာတာဖြစ်ပြီးတော့ အခက်ခဲအကျပ်တည်းတွေကြားထဲက CDF မင်းတပ်ရဲ့ အစဥ်လာအတိုင်း အောင်ပွဲရရှိခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၄ ရက်တာတိုင်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က အနည်းဆုံး ၂၀ ကျော်ကျဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ ဆုတ်ခွာသွားပြီးတော့ CDF ဘက်က ကျဆုံးတာမရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။

မင်းတပ်မြို့နယ်ထဲမှာ သြဂုတ် ၁၃ ရက်ကစပြီး တစ်ကျော့ပြန်တိုက်ပွဲတွေပြန်ဖြစ်နေပြီး စစ်ကောင်စီတပ်တွေ ခြေကုပ်ယူထားတဲ့ မင်းတပ်-မတူပီကားလမ်းအနီး မင်းတပ်မြို့နဲ့ ၁၆ မိုင်အကွာမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တာလို့ မင်းတပ် မြို့ခံတစ်ယောက်က ပြောပါတယ်။

CDF မင်းတပ်နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေဖြစ်ပွားတာကြောင့် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးနေရပြီးတော့ မိုးရာသီကာလ ဖြစ်တာကြောင့် မိုးကာ ၊ အစားအသောက်ရိက္ခာနဲ့ ဆေးဝါး အကူညီတွေလိုအပ်နေတယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ထဲမှာလည်း ဩဂုတ် ၁၅ ရက်နေ့အထိ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား အယောက် ၄၀ နီးပါး သေဆုံးခဲ့တယ်လို့ ချင်းပြည် ကာကွယ်ရေးတပ်ဖွဲ့ (CDF) က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်က စတင်ကာ ဖလမ်းမြို့နယ်အတွင်း လက်နက်ကြီးတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး CNDF နဲ့ မဟာမိတ်တပ်ဖွဲ့ ကလေး PDF တို့ ပူးပေါင်းကာ ခုခံတိုက်ခိုက်ခဲ့ကြရာမှာ စစ်ကောင်စီဘက်က ၄ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ဇူလိုင် ၂၁ ရက်ကနေ ၂၉ ရက်နေ့အထိ ၈ ရက်အတွင်း ဖလမ်းမြို့နယ်က ဖလမ်း-ဟားခါးလမ်းမပေါ်မှာ စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ချိန်မှာ CNDF နဲ့ တခြားမြို့နယ် CDF တွေ ပူးပေါင်းကာ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီဘက်က ၁၅ ယောက်လောက် သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဩဂုတ် ၁ ရက်မှ ၁၅ ရက်အတွင်း ဖလမ်း-ဟားခါးလမ်းမပေါ်မှာ  စစ်ကောင်စီတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး CNDF နဲ့ တခြားမြို့နယ် CDF တွေပူးပေါင်းကာ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ကြရာမှာ စစ်ကောင်စီဘက်က အယောက် ၂၀ နီးပါး သေဆုံးမယ်လို့ ခန့်မှန်းရပြီး ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ပွဲတွေအတွင်းမှာတော့ CNDF နဲ့အတူ မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ ကလေး PDF နဲ့ တခြားမြို့နယ် CDF တွေဘက်က ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ တိုက်ပွဲတွေနဲ့ ထိခိုက်သေဆုံးမှု အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တော့ သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013