Home
မြန်မာသတင်း
မိုးကုတ်မြို့ ကျောက်ပုတ်-မြေမဲလမ်း တောင်အက်ပြီး အရှည်ပေ ၂၅၀ ကျော် ပြိုကျပျက်စီး
DVB
·
August 19, 2021
234254195_815769722330394_2973650260467691471_n
239532722_815769822330384_8777336982087240794_n
235722800_815769882330378_7675771357290540044_n
234811390_815769768997056_8777137232541129207_n
234415934_815769928997040_7444722954820958602_n

မန္တလေးတိုင်း မိုးကုတ်မြို့ အနောက်ပိုင်းမှာ ဒီနေ့မနက်ပိုင်းက တောင်အက်တာကြောင့် ကျောက်ပုတ်-မြေမဲလမ်း လမ်းအရှည် ပေ ၂၅၀ ကျော်ပျက်စီး​ပြီး အနက်ပေ ၈ ပေထိ ပြိုကျခဲ့တယ်လို့ ကျောက်ပုတ်ရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

"လမ်းက တောင်ပေါ်လမ်းဆိုတော့ တောင်ကအက်ကျတော့ လမ်းပါပါသွားတယ်။ အရင်က တည်းက အက်နေတာ၊ ခုတော့တောင်အိပြီး လမ်းပါအိကျသွားတယ်။" 

တောင်အောက်မှာ အရင်က ကျောက်မျက်တူးဖော်ဖို့ ​မျှောကွက်တွေလုပ်ထားတာကြောင့် တောင် အက်တဲ့ခါ အောက်ဘက်ကို အိကျသွားတာလို့ သိရပါတယ်။

အခုလမ်းက ကျောက်ပုတ်ရွာ၊ မြေမဲရွာ၊ ပြောင်းပြင်ရွာတွေကို သွားလို့ရတဲ့လမ်းဖြစ်ပြီး လက်ရှိသွားမရတော့တာကြောင့် ရွာသူရွာသားတွေအနေနဲ့ ဘော်ဗဒန်းလမ်းကနေ အရေးပေါ်သွား နေကြပြီလို့ ဒေသခံတဦးက ပြောပါတယ်။

"ဘော်ဗဒန်းလမ်းက ခဲတွေနဲ့ လုပ်ထားတော့ လူသွားလို့ရပြီ၊ အဲ့လမ်းကနေ ပတ်သွားလို့ ရတယ်၊ ကားဆိုင်ကယ်တွေလည်း သွားလို့တော့ရနေပြီ၊ လမ်းအညီဖြစ်ဖို့တော့ ထပ်မြင့်ရဦးမယ်။" 

အခု ကျောက်ပုတ်မြေမဲလမ်း ပြိုကျပျက်စီးတာနဲ့ပတ်သက်ပြီး လမ်းဦးစီးဋ္ဌာနကို အကြောင်းကြားထားပြီး တောင်အလယ်ကနေဖြတ် မြေလမ်းအသစ် ဖောက်ဖို့ရှိတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024