DVB Logo
Home
မြန်မာသတင်း
မိုးမကုန်မချင်း တန်းမဖြုတ်ရန် အာဏာသိမ်းစစ်ခေါင်းဆောင်မှာကြား
DVB
·
August 17, 2021
မိုးမကုန်မချင်း တန်းမဖြုတ်ရန် အာဏာသိမ်းစစ်ခေါင်းဆောင်မှာကြား
Donate to DVB

အရေးပေါ်ကယ်ဆယ်ရေးနဲ့ပတ်သက်ပြီး မိုးမကုန်မချင်း တန်းမဖြုတ်ဖို့၊ ထမင်းကျွေးသင့်ရင် ကျွေးထားဖို့နဲ့ သဘာဝဘေးအန္တရာယ်အတွက်   ပိုက်ဆံအကုန်အကျခံပေးမယ်လို့   အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 

ဩဂုတ် ၁၆ ရက်က  နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေးခန်းမမှာ  ကျင်းပတဲ့ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေးမှာ တက်ရောက် အမှာစကားပြောကြားစဉ် ထည့်သွင်းပြောဆိုခဲ့တာပါ။

အာဏာသိမ်းစစ်ခေါင်းဆောင်က “အရေးပေါ် ကယ်ဆယ်ရေးနဲ့ ပတ်သက်လို့ ရှိရင်လည်း အမြဲတမ်း ပြင်ထားပါ။ မိုးမကုန် မချင်းကတော့ တန်းမဖြုတ်ဖို့ ကျွန်တော်ပြောလိုပါတယ်။ တန်းမဖြုတ်ပါနဲ့ အားလုံးအဆင်သင့်ပြင်ထား။ ထမင်းကျွေးသင့်ရင်လည်း ကျွေးထားဗျာ။ အဲ့ဒီအတွက် ပိုက်ဆံအကုန်အကျခံရမယ်ဆိုလည်း အကုန်အကျခံမယ်။ သဘာဝဘေးအန္တရာယ်အတွက် ကျွန်တော်တို့ အကုန်အကျခံပေးမယ်။ အရေးကြီးတာတော့ဖြစ်ကာမှ အကုန်လုံး မနိုင်မနင်းနဲ့ ဖြစ်မှာ ကြောက်ရတာ။ အရေးကြီးတာတော့ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်တာကတော့ လက်ရှိ အခြေအနေမှာရေကြီးရေလျှံနဲ့ ပတ်သက်တာ အခက်အခဲတွေ ဖြစ်လာနိုင်တယ်။ ဒါကို တွက်ချက်ပြီးတော့မှ ပြည်နယ်နဲ့ တိုင်းတွေက ပြင်ထားပေးဖို့ရယ်။ အဓိက ကတော့ ဆေးရုံတွေမှာ ရေလျှံတာတို့၊ ဘာတို့ မဖြစ်အောင်၊ လူနာတွေ ရွှေ့ထုတ်ရတဲ့ အဆင့်မျိုး၊ ဒုက္ခ၊ သုက္ခ မရောက်အောင် ဒါလေးလည်း ပြင်ထားဖို့ လိုမယ် ဆိုတာ လေးလည်း ကျွန်တော်မှာလိုပါတယ်။”လို့ပြောပါတယ်။

လာမယ့်နောက်ဆုံးအပတ်လောက်ကနေစပြီး မိုးပိုများလာနိုင်တဲ့အတွက် ဆေးရုံထဲမှာလည်း ရေတွေ မလျှံအောင်၊ ဆေးရုံတွေ ရေမလျှံအောင်၊ ရေမဝင်အောင်၊ ရေစီးရေလာ ကောင်းအောင်လုပ်ဖို့၊ မြောင်းပိတ်နေတာတွေ၊ ချုံနွယ်ပိတ်ပေါင်းတွေ၊ အမှိုက်သရိုက်တွေ မရှိအောင် အကုန်လုံးရှင်းထားကြဖို့လည်း တိုက်တွန်းပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ရောဂါကူးစက်ဖြစ်ပွားမှု အနေနဲ့ ပတ်သက်ပြီး ဇူလိုင် ၁၄ ရက်မှာ  ၃၃ ဒသမ ၁၇ ရာခိုင်နှုန်း၊ ဇူလိုင် ၂၃ ရက်မှာ ၄၀ ဒသမ ၈၂ ရာခိုင်နှုန်းထိ ရှိခဲ့ရာမှ  ဩဂုတ် ၁၅ ရက်မှာ ၂၆ ဒသမ ၄၆ ရာခိုင်နှုန်းသာရှိတော့တယ်လို့ဆိုပါတယ်၊။

ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဆေးပစ္စည်းတွေ၊ ခြေခံအိမ်သုံးဆေးဝါးပစ္စည်းတွေကို ပုံမှန်ထက် ပိုမိုသိုလှောင်ပြီး ဈေးနှုန်းကြီးမြင့်လာအောင် လုပ်ဆောင်နေတာတွေကို ကြပ်မတ် စစ်ဆေးဖော်ထုတ်အရေးယူဖို့၊ အခြေခံစားသောက်ကုန်တွေ ဈေးနှုန်းမြင့်မားလာစေဖို့ ရည်ရွယ်ချက်ရှိရှိ  ပွဲရုံတွေ၊ ဂိုဒေါင်တွေမှာ သိုလှောင်၊ ဈေးကစားတာတွေကို ထိန်းသိမ်းကြပ်မတ်ဖို့လည်း ပြောပါတယ်။

ဒါ့အပြင် ကာကွယ်ဆေးထိုးပေးရာမှာ ဆရာ၊ ဆရာမတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဦးစား ပေးဖို့နဲ့ EAOs အဖွဲ့တွေက သူတို့နယ်မြေတွေမှာ ကာကွယ်ဆေးနှံပေးနိုင်ရေး ဆက်သွယ်လာတာရှိတဲ့တွက်  တိုင်းနဲ့ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တာဝန် ရှိသူတွေအနေနဲ့ သက်ဆိုင်ရာ EAOs နယ်မြေတွေမှာ ကာကွယ်ဆေးထိုးနိုင်ရေး စာရင်းပြုစု ဆောင်ရွက်ကြဖို့လည်း အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောသွားပါတယ်။

Photo-MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013