DVB Logo
Home
မြန်မာသတင်း
မိုင်းလားမြို့ပေါ်တွင် ကျန်းမာရေးထောက်ခံချက်မရှိဘဲ နေထိုင်ပါက ဒဏ်ငွေဆောင်ရမည်
DVB
·
August 17, 2021
မိုင်းလားမြို့ပေါ်တွင် ကျန်းမာရေးထောက်ခံချက်မရှိဘဲ နေထိုင်ပါက ဒဏ်ငွေဆောင်ရမည်
1 / 3
Donate to DVB

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ-၄ မိုင်းလားမြို့အတွင်း ကျန်းမာရေးထောက်ခံချက်မရှိဘဲ နေထိုင်ပါက ဒဏ်ငွေဆောင်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။

ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို ထိထိရောက်ရောက် ကာကွယ်တားဆီးနိုင်ဖို့အတွက် မြို့တွင်းနေထိုင်သူတွေအနေနဲ့ မိမိ ငှားရမ်းထားတဲ့ အခန်းကနေ အခန်းပြောင်းရွှေ့နေထိုင်မယ်၊ ဟိုတယ်နဲ့ တည်းခိုခန်း‌တွေမှာ တည်းခိုမယ်ဆိုပါက အထူးဒေသ-၄ ကျန်းမာရေးကတ်ပြားနဲ့ သက်ဆိုင်ရာ နယ်မြေအလိုက် အုပ်ချုပ်ရေးရုံး‌တွေမှာ ထောက်ခံစာသွားရောက်ထုတ်ယူရမှာ ဖြစ်ပါတယ်။

အဲဒီလို သက်ဆိုင်ရာ အုပ်ချုပ်ရေးရုံးရဲ့ ထောက်ခံစာမပါဘဲ နေထိုင်တာကို စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေပေးဆောင်ရမယ်လို့ ဩဂုတ် ၁၅ ရက်နေ့မှာ မိုင်းလားအဖွဲ့က အသိပေးထားတာပါ။

မိုင်းလားမြို့ဟာ မြန်မာ-တရုတ် နယ်စပ်မြို့တမြို့ ဖြစ်ပြီး ကာစီနို၊ လောင်းကစား၊ မူးယစ်ဆေးဝါး၊ ဇိမ်ခန်း၊ ပြည့်တန်ဆာ၊ သားရိုင်းတိရစ္ဆာန်ထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်းတွေနဲ့ လူသိများ ကျော်ကြားပါတယ်။

လက်ရှိ ကိုဗစ်-၁၉ ရောဂါကပ်ဆိုးကြောင့် တရုတ်နိုင်ငံသားတွေကို မြန်မာနိုင်ငံထဲကနေ ပြန်လည်ခေါ်ယူထားပြီး ပြည်ပထွက်ခွင့်လည်း ပိတ်ပင်ထားတာကြောင့် မိုင်းလားမြို့မှာ စီးပွားရေး သိသိသာသာ ကျဆင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ-၄ နယ်မြေကို စစ်တပ်နဲ့ ငြိမ်းချမ်းရေးယူထားတဲ့  အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA) က ထိန်းချုပ်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013