DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် ကိုဗစ်-၁၉ ကြောင့် နှစ်ပတ်အတွင်း ၄၀၀ ဝန်းကျင် သေဆုံး
DVB
·
August 17, 2021
မန္တလေးတွင် ကိုဗစ်-၁၉ ကြောင့် နှစ်ပတ်အတွင်း ၄၀၀ ဝန်းကျင် သေဆုံး
Donate to DVB

မန္တလေးမြို့မှာ သြဂုတ် ၁ ရက်မှ ၁၄ ရက်ထိ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၄၀၀ လောက် ရှိခဲ့တယ်လို့ မန္တလေးမြို့ခံလူမှုကူညီရေးအသင်းက ပြောပါတယ်။

အသင်းတာဝန်ခံတစ်ဦးက “ဒီလ တစ်ရက်ကို ၂၀၊ ၃၀၊ ၄၀လောက်ထိ သေတယ်၊ နှစ်ပတ်အတွင်း သေဆုံးသူ ၄၀၀ လောက် ရှိမယ်” လို့ ပြောပါတယ်။

မန္တလေးမြို့မှာ သြဂုတ် ၁၆ ရက်က ကိုဗစ်-၁၉ အတည်ပြုလူနာ နဲ့ သံသယလူနာ ၉ ဦး သေဆုံးခဲ့တယ်လို့ မြို့ခံပရဟိတအသင်းတစ်ချို့ရဲ့ ကူညီပေးမှု မှတ်တမ်းအရ သိရပါတယ်။

မန္တလေးဆေးရုံကြီး ရင်ခွဲရုံမှ ကိုဗစ်လူနာ ၅ ဦး၊ မြို့တော်ဆေးရုံမှ ကိုဗစ်လူနာ ၂ ဦး၊ မင်္ဂလာဆေးရုံမှ ကိုဗစ်လူနာ ၁ ဦး၊ အရပ်ထဲမှာ ကိုဗစ်သံသယလူနာ ၁ ဦး သေဆုံးခဲ့ရာ မြို့ခံပရဟိတအဖွဲ့တွေက အေးရိပ်ငြိမ်သုသာန်နဲ့ တောင်အင်းမြောက်အင်းသုဿာန်ကို ပို့ဆောင်သင်္ဂြိုဟ်ပေးခဲ့ပါတယ်။

ဖော်ပြပါ ကိုဗစ်ကြောင့် သေဆုံးသူ စာရင်းဟာ မန္တလေးမြို့ခံပရဟိတအသင်းတချို့ရဲ့ ကူညီဆောင်ရွက်ပေးခဲ့တဲ့ အချက်အလက်တွေသာဖြစ်ပါတယ်။

သေဆုံးသူအများစုက အသက်အရွယ်ကြီးသူတွေ ရောဂါအခံရှိသူတွေဖြစ်ပြီး ဆေးခန်းမပြသနိုင်တာ၊ ဆေးဝါးအခက်အခဲ၊ အောက်ဆီဂျင်အခက်အခဲတို့ကြောင့် သေဆုံးကြတာပါ။

မန္တလေးမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လက တစ်ရက်ကို ကိုဗစ်လူနာ ၈၀ ကျော်လောက် သေဆုံးမှု ရှိခဲ့ပြီး ဇူလိုင်လ တစ်လအတွင်း ကိုဗစ်လူနာ နဲ့ သံသယရှိသူ ၂၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ပရဟိတအသင်းတွေရဲ့ စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013