DVB Logo
Home
မြန်မာသတင်း
ဦးဟန်သာ လုပ်ကြံခံရမှု ဥပဒေနှင့်အညီ ဖြေရှင်းမည်ဟု အန်ဒီအက်ဖ်ပါတီ ပြော
DVB
·
August 16, 2021
ဦးဟန်သာ လုပ်ကြံခံရမှု ဥပဒေနှင့်အညီ ဖြေရှင်းမည်ဟု အန်ဒီအက်ဖ်ပါတီ ပြော
Donate to DVB

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ကယားပြည်နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးဟန်သာ လုပ်ကြံသတ်ဖြတ်ခံရမှု ဥပဒေနဲ့အညီ ဖြေရှင်းသွားမယ်လို့ ပါတီက ထုတ်ပြန်လိုက်ပါတယ်။

ကိုယ်ကျိုးမဖက်နိုင်ငံအတွက် တာ၀န်ထမ်းဆောင်နေတဲ့  နိုင်ငံရေးသမားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ အနာဂတ်နိုင်ငံရေးအတွက် ရင်လေးဖွယ် ဖြစ်လာလိမ့်မယ်လို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (အန်ဒီအက်ဖ်က) က ဩဂုတ် ၁၆ ရက် ထုတ်ပြန်ချက်မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

သြဂုတ် ၁၃ ရက်နေ့က အန်ဒီအက်ဖ်ပါတီ၊ အရန်ဗဟို အလုပ်အမှုဆောင်ကော်မတီ၀င်နဲ့ ကယားပြည်နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးဟန်သာဟာ လွိုင်ကော်မြို့မှာ  လုပ်ကြံသတ်ဖြတ်တာ ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဦးဟန်သာဟာ ဒီမိုကရေစီပါတီကြီးတစ်ခုမှာ နှစ်ပေါင်းများစွာ နိုင်ငံရေးတာ၀န်ထမ်းဆောင်ခဲ့ပြီး ၂၀၁၉ ခုနှစ်က အန်ဒီအက်ဖ်ပါတီကို ပြောင်းရွှေ့ဆောင်ရွက်ခဲ့တဲ့ နိုင်ငံရေးသမားဟောင်းကြီးတစ်ဦး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

လက်နက်စွဲကိုင်တိုက်ပွဲ၀င်မှ  မိမိတို့ယုံကြည်ရာလမ်းစဉ် အောင်မြင်မယ်လို့ ယူဆပြီး ကိုယ်ယုံကြည်ရာ ဆောင်ရွက်နေကြတဲ့အပေါ် ဝေဖန်ဖို့ အကြောင်းမရှိကြောင်း၊ ဒါပေမဲ့  အပြစ်မဲ့၊ လက်နက်မဲ့ပြည်သူတွေအပေါ် အကြမ်းဖက် လုပ်ကြံ သတ်ဖြတ်တာဟာ တရားနည်းလမ်းမကျသလို လက်ခံနိုင်ဖွယ်မရှိဘူးလို့ ဆိုပါတယ်။

ဒီမိုကရေစီစနစ်နဲ့ အကြမ်းဖက်လူသတ်ဝါဒဟာ ပြဒါးတစ်လမ်း၊ သံတစ်လမ်းသာ ဖြစ်တာကြောင့် ပြည်သူလိုလားတဲ့ ဒီမိုကရေစီနိုင်ငံတော်ကို  အကြမ်းဖက်နည်းလမ်းနဲ့ ထူထောင်နိုင်မှာမဟုတ်ကြောင်း၊ အန်ဒီအက်ဖ်ပါတီအနေနဲ့လည်း  ဒီမိုကရေစီရေး၊ ဖက်ဒရယ်ရေး၊ ငြိမ်းချမ်းရေးနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့ကို နိုင်ငံရေးနည်းလမ်းနဲ့သာ ကျင်သုံးသွားမယ်လို့ ထုတ်ပြန်ထးပါတယ်။

အန်ဒီအက်ဖ် ပါတီအနေနဲ့ ဦးဟန်သာ လုပ်ကြံသတ်ဖြတ်ခံရမှုကိစ္စနဲ့ပတ်သက်ပြီး ဥပဒေနဲ့အညီ ဆက်လက်ဖြေရှင်းဆောင်ရွက်သွားမယ်လို့  ဖော်ပြထားပါတယ်။

အသက် ၇၀ အရွယ် ဦးဟန်သာဟာ ဩဂုတ် ၁၃ ရက်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့ နေအိမ်မှာ တီဗွီပြင်ဖို့ဆိုပြီး လာတဲ့ လူ ၄ ဦးက ဓားနဲ့ထိုးသတ်ခဲ့တာကြောင့် သေဆုံးသွားတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013