DVB Logo
Home
မြန်မာသတင်း
ပုသိမ်မြို့နယ်၌ တရက်တည်း ကိုဗစ်-၁၉ ရောဂါဖြင့် ၁၂ ဦး သေဆုံး
DVB
·
August 15, 2021
ပုသိမ်မြို့နယ်၌ တရက်တည်း ကိုဗစ်-၁၉ ရောဂါဖြင့် ၁၂ ဦး သေဆုံး
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ ဩဂုတ် ၁၄ ရက်​က ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူ ၁၂ ဦးရှိခဲ့တယ်လို့  မ​နောဖြူလူမှုကူညီ​ရေးအဖွဲ့က သိရပါတယ်။

မနေ့က ကိုဗစ်ရောဂါနဲ့ သေဆုံးသူ ၁၂ ဦးထဲမှာ နေအိမ်မှာ သေဆုံးသူက  ၉ ဦးရှိပြီး ပုသိမ်ဆေးရုံမှာ သေဆုံးသူ  ၃ ဦးရှိပါတယ်။ ဒါ့အပြင် ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ်  ၆ ဦးရှိပြီး ပုသိမ်က ၃ ဦးနဲ့ ချောင်းသာက ၃ ဦး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

“​အခု​က ပြန်ကျလာတယ်၊ အရင်လ ​​သေတာ အရမ်းများတယ်။ ကျတယ်ဆိုလည်း အခုထိ​ သေတာရှိ​နေတယ်။ ဒုတိယလှိုင်းတုန်းက ပြည်သူ​တွေ ​ဆေးရုံသွားကြတယ်။ ပိုး​တွေ့ထိစပ်ဆို စင်တာ​တွေပို့​တော့ ထိန်းနိုင်တာ။  အခက်အခဲက အရင်လ ​အောက်ဆီဂျင် ရှာရမလွယ်တာ။ အခု​တော့ ​အောက်ဆီဂျင်စက်ရှိ​ပြီ” လို့ ပုသိမ်​ဒေသခံတစ်ဦး​က ပြောပါတယ်။

ပုသိမ်မြို့မှာ ဇူလိုင်လပထမပတ်၊ ဒုတိယပတ်နဲ့ တတိယပတ်တို့မှာ  ပိုးတွေ့လူနာ     များပြားလာကာ သေဆုံးတာလည်း စံချိန်တင်ခဲ့​တယ်လို့ ပုသိမ်မြို့နယ်စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သြဂုတ် ၁၄ ရက်​အထိ ပုသိမ်မြို့နယ်မှာ ပိုးတွေ့လူနာ ၁၇၀၁ ဦး ရှိခဲ့ပြီး​​  ဇူလိုင် ၁ ရက်​မှ သြဂုတ် ၁၄ ရက်​အထိ​ ကိုဗစ်-၁၉ နဲ့  သ​ရောင်​ချောင်းသုသာန်မှာ  သင်္ဂြိုဟ်ရသူ ၁၀၃၆ ဦး ရှိ​တယ်လို့ သိရပါတယ်။

ပုသိမ်မြို့အုပ်ချုပ်ရေးအဖွဲ့အစည်းတွေအနေနဲ့  ကုသရေးစင်တာ ၈ ခု၊ positive စင်တာ ၁၄ ခု နဲ့ Q စင်တာ ၁ ခု၊ စုစုပေါင်းစင်တာ ၂၃ ခု ဖွင့်လှစ်ကာ လူနာခုတင် ၁၃၈၁ လုံးအထိ ထားရှိ ကုသနေတယ်လို့  မြို့နယ်အုပ်ချုပ်​​ရေး​အဖွဲ့က ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013