DVB Logo
Home
မြန်မာသတင်း
ဘိုကလေးမြို့တွင် ကိုဗစ်စည်းကမ်းမလိုက်နာမှုဖြင့် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ
DVB
·
August 14, 2021
ဘိုကလေးမြို့တွင် ကိုဗစ်စည်းကမ်းမလိုက်နာမှုဖြင့် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ
1 / 2
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့မှာ သြဂုတ် ၁၄ ရက်က ကိုဗစ်-၁၉ ကာကွယ်ရေးထိန်းချုပ်ရေး စည်းကမ်းမလိုက်နာလို့ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက  မြို့တွင်း သွားလာနေသူ ၁၀ ဦးထက် မနည်း ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘိုကလေးမြို့မှာ  မနက် ၄ နာရီကနေ မနက် ၁၀ နာရီထိသာ အိမ်ပြင်ပ သွားလာခွင့်ပြုပြီး ဒီနေ့မှာတော့ ဆိုင်ကယ်နဲ့ သွားလာနေသူတွေကို ဖမ်းဆီးခဲ့တာပါ။

ဒေသခံ အမျိုးသားတစ်ဦးက “မနက်က စျေးထဲမှာ အချုပ်ကားထိုးပြီး ဖမ်းတယ်၊ ၁၀ယောက်လောက် ပါသွားတယ်။ နောက်ပြီး ၁၂ လမ်းထိပ်မှာလည်း ၆ ယောက်လောက် ပါသွားတယ်” လို့ ပြောပါတယ်။

ဘိုကလေးမြို့အတွင်း လူစည်ကားရာ နေရာတွေဖြစ်တဲ့ မြို့မစျေးအနီး  ဘောလုံးကွင်း စူပါဘွိုင်းထောင့်နဲ့ တတိယလမ်းတွ်မှာ မနေ့ကစတင်ပြီး အချုပ်ကားနဲ့ ဖမ်းဆီးမှုများပြုလုပ်ခဲ့တာပါ။

“အချုပ်ကားနဲ့က  မနေ့က စဖမ်းတယ်၊ ဆိုင်ကယ်တွေလည်း ကားနဲ့တင်သွားတာ။ မြို့ထဲ နေရာအနှံ့ ဖမ်းတယ်၊ ၁၂ နာရီမထိုးခင်လေးမှာ လိုက်ဖမ်းတာ ညနေ ၄ နာရီလောက်ဆို မဖမ်းတော့ဘူး။ သွားလာနေကြတာပဲ” လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

ဇူလိုင် ၂၁ ရက်နေ့ကစတင်ပြီး မနက် ၄ နာရီမှ မနက် ၁၀ နာရီထိသာ ဆိုင်ကယ်တစ်စီးကို တစ်ဦးသာ စီးနင်းပြီး ထွက်ခွာခြင်းပြုလုပ်ဖို့နဲ့ မလိုက်နာပါက ဆိုင်ကယ်သိမ်းဆည်းမယ့်အပြင် လူကိုပါ ဖမ်းဆီးမယ်လို့ စစ်ကောင်စီက အသိပေးပြောဆိုထားပါတယ်။ 

ဘိုကလေးမြို့မှာ  ဇူလိုင် ၂၁ ရက်နေ့ကစတင်ပြီး မနက် ၄ နာရီကနေ မနက် ၁၀ နာရီအထိသာ နေအိမ်ပြင်ပ ထွက်ခွာခြင်းပြုလုပ်ဖို့ ကိုဗစ-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ က ဇူလိုင် ၂၀ ရက် ညပိုင်းက မြို့တွင်းမှာ အသံချဲ့စက်နဲ့ လိုက်လံအသိပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013