DVB Logo
Home
မြန်မာသတင်း
ခင်ဦးမြို့တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၇၀၀ ခန့် ရှိလာ
DVB
·
August 13, 2021
ခင်ဦးမြို့တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၇၀၀ ခန့် ရှိလာ
Donate to DVB

စစ်ကိုင်းတိုင်း‌ ခင်ဦးမြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု များပြာလာနေပြီး ဩဂုတ် ၁၂ ရက်အထိ ကူစက်ခံရသူ ၇၀၀ ဦးလောက်ရှိပြီလို့ မြို့နယ်ကြက်ခြေနီအသင်းက သတင်း ထုတ်ပြန်ထားပါတယ်။

ခင်ဦးမြို့နယ်ကြက်ခြေနီအသင်း တာဝန်ရှိသူတဦးက “ကျန်းမာရေးဌာနအင်အားနဲ့ နေရာနဲ့က အဆင်မပြေဘူး။ ထိစပ်တွေကို ဒီအတိုင်းပဲ ထားလိုက်ရတာ၊ မထိန်းချုပ်နိုင်ဘူး။ တချို့ ကိုဗစ်ဖြစ်သူတွေကလည်း အိမ်မှာပဲ ကျိတ်ကုကြတာ ဆိုတော့ ကျနော်တို့ မသိရဘူး။ အဲဒီလိုလူတွေရဲ့ ထိစပ်စာရင်းကြတော့ ကျနော်တို့ လိုက်မကောက်နိုင်တော့ဘူး။ အဲဒီလိုတွေကြောင့် ထိစပ်တွေ အရမ်းများပြီး ကျနော်တို့ဆီ လာစစ်တော့ အတည်ပြုလူနာတွေများလာတယ်” လို့ ပြောပါတယ်။

ကိုဗစ်ကုသရေးအနေနဲ့ ဆေးရုံ၊ အောင်ချမ်းသာကျောင်း၊ အောင်သီရိကျောင်း၊ မြနန္ဒာ ကျောင်း Positive Center ၄ ခုထားရှိကာ အောက်ဆီဂျင်လိုအပ်တဲ့ လူနာတွေကို ဆေးရုံမှာပဲ ကုသပေးနေကာ အောက်ဆီဂျင်အခက်အခဲကတော့ လတ်တလော မရှိသေးဘူးလို့ သိရပြီး ကိုဗစ်သံသယနဲ့ သေဆုံးသူတွေ နယ်တွေမှာရှိနေတဲ့အတွက် မပေါ့ဆကြဖို့လည်း တိုက်တွန်းထား ပါတယ်။

ခင်ဦးမြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၇၈ ဦး၊  သက်သာပျောက်ကင်းသူ ၄၃၇ ဦးနဲ့၊ သေဆုံးသူ ၁၄ ဦး ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013