DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်တွင် ကိုဗစ်လူနာများအတွက် အထူးကုဆရာဝန်များက စတင်ကုသပေးနေ
DVB
·
August 12, 2021
ရေးမြို့နယ်တွင် ကိုဗစ်လူနာများအတွက်  အထူးကုဆရာဝန်များက  စတင်ကုသပေးနေ
Donate to DVB

ကိုဗစ်-၁၉ အတည်ပြုလူနာတွေ များပြားလာပြီး ကျန်းမာရေးဝန်ထမ်း မလုံလောက်မှုကြုံနေရတဲ့ မွန်ပြည်နယ် ရေးမြို့နယ်  ကုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံမှာ မော်လမြိုင်ဆေးရုံကြီးက အထူးကု ဆရာဝန် ၃ ဦး  သြဂုတ် ၁၂ ရက်နေ့ကစတင်ပြီး လာရောက်ကုသပေးနေတယ်လို့ မြို့နယ် ကိုဗစ်ကော်မတီက ပြောပါတယ်။

ကိုဗစ်-၁၉ အတည်ပြုလူနာတွေကို တာဝန်ကျအထူးကု ဆရာဝန်တွေက အလှည့်ကျ ကုသပေးသွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်တွေက သမားတော်နဲ့ ဆရာဝန်မရှိတာကြောင့် ကုသရေးအပိုင်းမှာ လူနာတွေ မသေသင့်ဘဲ သေဆုံးခဲ့ရတာတွေ ရှိခဲ့တယ်လို့ မြို့ခံ ပရဟိတသမားတွေက ပြောပါတယ်။

ရေးမြို့မှာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေ များပြားလာတာကြောင့် ဆေးရုံနဲ့ ကုသရေးစင်တာတွေမှာ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်း မနိုင်မနင်းဖြစ်နေကြတာလို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ရောဂါကြောင့် ရောဂါအခံရှိသူတွေနဲ့ သက်ကြီးပိုင်းတွေ အများဆုံး သေဆုံးခဲ့ကြတာဖြစ်ပြီး နေအိမ်တွေမှာ ကုသနေသူလည်း သေဆုံးကြတာတွေ ရှိတယ်လို့ ပရဟိတသမားတွေက ပြောပါတယ်။

ရေးမြို့နယ် ကိုဗစ်-၁၉  လူနာပေါင်း ဒီနေ့အထိ  ၁,၀၇၀ ဦး၊ သေဆုံးသူ ၈၄ ဦးနဲ့ ဆေးရုံက ဆင်းခွင့်ရသူ ၄၆၀  ဦး ရှိပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013