Home
မြန်မာသတင်း
မိုးကုတ်မြို့တွင် ရေကြီးမြေပြိုမှုကြောင့် ၃ ဦး သေဆုံး
DVB
·
August 12, 2021
221220786_811659542741412_4787778670012037904_n
220493458_811659489408084_4222310095295371231_n
231806694_811659752741391_2779220123353371866_n
231806687_811659882741378_539674882370791986_n
231717653_811659612741405_4367824938580275319_n
231409226_811659709408062_3795976922791531617_n
230829629_811659386074761_3758728597011946257_n
221427916_811659649408068_8959244948252587906_n
221354845_811659439408089_3966311601266272178_n

မန္တလေးတိုင်း မိုးကုတ်မြို့မှာ သြဂုတ် ၁၂ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီး မြေပြိုမှုကြောင့် လူ ၃ ယောက် သေဆုံးခဲ့တယ်လို့  မြို့နယ်ကြက်ခြေနီအသင်းက ပြောပါတယ်။

မိုးရွာသွန်းပြီး အုတ်တံတိုင်းပြိုကြတာကြောင့် မိုးကုတ်မြို့အနောက်ပိုင်း အင်းဂေါင်းရပ်ကွက် နေအိမ်တခုက လူသုံးယောက်သေဆုံးသွားတယ်လို့ မြို့နယ်ကြက်ခြေနီအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"ဓာတ်ဆီဆိုင်က အုတ်တံတိုင်းကပြိုကျတာ၊ သူတို့အိမ်က အောက်ဘက်ဆိုတော့ အိမ်အပေါ်ကို အုတ်တံတိုင်းကပိပြီး အိမ်ထဲက လူသုံးယောက် သေသွားတယ် အလောင်းထုတ်ခဲ့ပြီ။" 

သေဆုံးသွားသူတွေက အမျိုးသမီးနှစ်ယောက်နဲ့ အသက် ၃ နှစ်အရွယ် ယောကျ်ားလေးတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။

မိုးကုတ်မြို့အရှေ့ပိုင်း မြို့လယ်ရပ်ကွက်၊ မင်းတံတားရပ်ကွက်၊ စည်ပင်သာယာ ရပ်ကွက်၊ ရွှေဘုံသာရပ်ကွက်တွေမှာလည်း ချောင်းရေတက်တာကြောင့် ရေက လမ်းပေါ်ကို ၃ လက်မကျော် တက်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"မိုးက နှစ်ရက်ဆက်တိုက်ရွာနေတာ ချောင်းရေကတက်လာတော့ ရေကကြီးပြီ၊ အများကြီး ကြီးတာတော့ မဟုတ်ဘူး။ ရေတက်လာတာ လမ်းမပေါ်တွေရောက်နေပြီ လမ်းတချို့လည်း မြေပြို တယ်။"

​မိုးကုတ်မြို့မှာ ရေကြီးမြေပြိုမှုဖြစ်တာ ၂၀၂၁ ခုနှစ်မှာ ပထမဆုံးဖြစ်ပြီး အရင်နှစ်တွေကလည်း မိုးဆက်တိုက်ရွာတာနဲ့ ရေကြီးတာတွေ ရှိတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024