Home
မြန်မာသတင်း
ဝက်လက်မြို့တွင် သံဃာနှင့်ဘိုးဘွား ၃၀ ကျော် ကိုဗစ်-၁၉ ကူးစက်
DVB
·
August 12, 2021
233005193_1186874461788938_7244761505890650713_n
232329298_1186874425122275_8794629101102088416_n
233373215_1186874288455622_201725499405339511_n
233356136_1186874378455613_4363381811309448083_n
233356136_1186874338455617_8446501537903673824_n
233005193_1186874461788938_7244761505890650713_n
232329298_1186874425122275_8794629101102088416_n
233373215_1186874288455622_201725499405339511_n
233356136_1186874378455613_4363381811309448083_n
233356136_1186874338455617_8446501537903673824_n

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာ ဩဂုတ် ၁၁ ရက်က ကြို့ပင်ပရိယတ္တိစာသင်တိုက်နဲ့ ကြို့ပင်ဘိုးဘွားရိပ်သာတို့က သံဃာတော်နဲ့ဘိုးဘွား ၃၀ ကျော် ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ကွာရန်တင်း ဝင်ရောက်နေသူတွေနဲ့ ကိုဗစ်-၁၉ သံသယရှိသူတွေ ၄၀ ကျော်ကို စစ်ဆေးခဲ့တာလို့ မြို့နယ်ကိုဗစ်ကော်မတီက ထုတ်ပြန်ပါတယ်။

ကြို့ပင်ပရိယတ္တိစာသင်တိုက်အတွင်းမှာပဲ တဆက်တစပ်တည်းရှိတဲ့ ကြို့ပင်ဘိုးဘွားရိပ်သာက ဘိုးဘွား ၁၆ ဦးနဲ့သံဃာ ၁၅ ပါး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ခဲ့တာဖြစ်ပြီး သူတို့အားလုံးကို ဆေးရုံနဲ့ ကုသရေးစင်တာတွေမှာ အထူးကြပ်မတ်ကုသပေးနေတယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဆိုပါတယ်။

ဝက်လက်မြို့နယ်အတွင်းမှာ ဇွန် ၁၁ ရက်ကနေ ဩဂုတ် ၁၁ ရက်အထိ နှစ်လတာကာလအတွင်း ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိရသူ စုစုပေါင်း  ၅၀၀ ဦး၊ သက်သာပျောက်ကင်းလို့ ဆေးရုံက ဆင်းရသူ   ၃၄၄ ဦးနဲ့ သေဆုံးသူ‌ ၃၇ ဦးရှိတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024