DVB Logo
Home
မြန်မာသတင်း
စစ်ဘေးရှောင်မိသားစု ၇၀၀ အတွက် ဆန်၊ ဆီ၊ ဆားအလှူ Clean Yangon မှ တဆင့် ပါဝင်နိုင်
DVB
·
August 11, 2021
စစ်ဘေးရှောင်မိသားစု ၇၀၀ အတွက် ဆန်၊ ဆီ၊ ဆားအလှူ Clean Yangon မှ တဆင့် ပါဝင်နိုင်
1 / 3
Donate to DVB

မြန်မာပြည်တွင်း အခက်အခဲဖြစ်နေတဲ့ ဒေသတွေက စစ်ဘေးရှောင်မိသားစု ၇၀၀ ကျော်လောက်ကို ဖေးမကူညီ ဖို့ ဆန်၊ ဆီ၊ ဆားအလှူမှာ Clean Yangon အဖွဲ့ကတဆင့် ပါဝင်လှူဒါန်းနိုင်ကြောင်း နှိုးဆော်ထားပါတယ်။

ဒီအလှူမှာတော့ စေတနာရှင်တွေနဲ့ စုပေါင်းပြီး ဆန်၊ ဆီ၊ ဆား စတာတွေကို အဓိက ကူသွားမှာဖြစ်ပြီး တမိသားစုကို ငွေကျပ် ၁၀,၀၀၀ ဖိုးလောက် ကျသင့်သွားမယ်လို့ ဆိုပါတယ်။

ခက်ခဲတဲ့ဒေသဖြစ်တာမို့ လိုအပ်တဲ့ ရိက္ခာရောက်ဖို့က မလွယ်ကူလှပေမယ့် စေတနာရှင်တွေရဲ့ကိုယ်စား အရင်လိုပဲ ရောက်ရှိအောင်ပို့ဆောင်ပေးသွားမယ်လို့လည်း Clean Yangon အဖွဲ့က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၆ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီးထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာ ကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေလည်း ပြင်းထန်နေခဲ့တာပါ။

ဒီတိုက်ပွဲတွေကြောင့် အိုးပစ်အိမ်ပစ် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေဟာလည်း တနေ့တခြား ပိုမိုများပြားလာနေပါတယ်။

Clean Yangon အဖွဲ့ကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ အတူ ရန်ကုန်မြို့တော် သာယာလှပရေးနဲ့ သန့်ရှင်းရေးအတွက် စွန့်ပစ်အမှိုက် အသိပညာ ပေးရေး လှုပ်ရှားမှုတွေနဲ့ ထင်ရှားပြီး ကိုဗစ်-၁၉ ကပ်ဘေးကာလ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာလည်း တစိုက်မတ်မတ် လှုပ်ရှားခဲ့တဲ့ အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။

လတ်တလောမှာတော့ မတရားအာဏာသိမ်းကာလ အကြမ်းဖက်စစ်ကောင်စီတပ် တွေနဲ့ ဒေသခံတွေကြား ပဋိပက္ခတွေကြောင့် နေရပ်ဒေသအသီးသီးက ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် လိုအပ်တဲ့ တထောင့်တနေရာကနေ ပံ့ပိုးကူညီမှုတွေ တစိုက်မတ်မတ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013