DVB Logo
Home
မြန်မာသတင်း
ရေဦးတွင် ကိုဗစ်ရောဂါနှင့်ကိုဗစ်သံသယကြောင့် သေဆုံးသူများအတွက် စုပေါင်းသရဏဂုံတင်
DVB
·
August 11, 2021
ရေဦးတွင် ကိုဗစ်ရောဂါနှင့်ကိုဗစ်သံသယကြောင့် သေဆုံးသူများအတွက် စုပေါင်းသရဏဂုံတင်
1 / 4
Donate to DVB

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ မြို့မသုသာန်မှာ ဩဂုတ် ၁၁ ရက်နေ့မနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါနဲ့ ကိုဗစ်သံသယ‌ကြောင့် သေဆုံးကြတဲ့သူတွေအတွက်  ကိုဗစ်ကော်မတီ၊ ပုညကုသလလူမှုရေးအသင်း၊ မြင့်မြတ်သူနာမှုကူညီရေးအဖွဲ့တွေက ဦးဆောင်ပြီး မြို့နယ်ဆရာတော်‌ကြီးတွေကို ပင့်ဆောင်ကာ သရဏဂုံတင် အမျှအတန်းပေးဝေခဲ့ကြပါတယ်။

မြို့နယ်အတွင်းမှာ လတ်တလောကာလ ကိုဗစ်သံသယနဲ့ သေဆုံးသူဦးရေ များပြားနေပြီး ရုပ်အလောင်းတွေကို ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအရ သရဏဂုံမတင်ရဘဲ နေ့ချင်း မီးသင်္ဂြိုဟ်ရတာကြောင့် အခုလို စုပေါင်း သရဏဂုံတင် အမျှတန်းပေးဝေကြတာလို့ ကိုဗစ်ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

“ဆရာတော်တွေလည်း သရဏဂုံတင်ကို မလိုက်ရဲလောက်အောင်ဖြစ်နေတာဗျ။ မြို့နယ်သံဃာ့မဟာနာယက ဆရာတော်ကြီးတောင် နာရေးတခုကို သရဏဂုံ လိုက်တင်တာ ကိုဗစ်ကူးစက်ခံရပြီး ပျံလွန်တော်မူသွားတယ်။ ကျနော်တို့မြို့နယ်မှာ ဆရာတော် သံဃာတော် ဆယ်ပါးထက်မနည်း ပျံလွန်တော်မူသွားပြီးပြီ။ အဲဒီနောက်ပိုင်း တစ်ယောက်ဆုံးသွားရင် တခါတည်း မီးသင်္ဂြိုဟ်လိုက်တာ၊ နောက်ပြီး မီးသင်္ဂြိုဟ်စက်နားရုံးဆောက်ပြီး ၂၄ နာရီ အကူအညီပေးနေတဲ့ မြင့်မြတ်သူနာမှုကူညီရေးအဖွဲ့က လူငယ်တွေကလည်း တစ္ဆေခြောက်လို့ နေလို့မရဘူး ပြောတယ်၊ ဒါကြောင့် စုပေါင်းသရဏဂုံတင် အမျှအတန်းပေးဝေကြတာ” လို့ ပြောပါတယ်။

ရေဦးမြို့မှာ ကိုဗစ်-၁၉ ကြောင့် ၁၀ ယောက်ကျော်နဲ့ ကိုဗစ်သံသယကြောင့် ၁၀၀ လောက် သေဆုံးပြီး ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013