DVB Logo
Home
မြန်မာသတင်း
ဘုတလင်မြို့ ထွေအုပ်ရုံးအနီးနှင့် ရဲစခန်းအနီး တပြိုင်တည်း ဗုံးပေါက်ကွဲ
DVB
·
August 11, 2021
ဘုတလင်မြို့ ထွေအုပ်ရုံးအနီးနှင့် ရဲစခန်းအနီး တပြိုင်တည်း ဗုံးပေါက်ကွဲ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးနဲ့ ဘုတလင်ရဲစခန်း အနီးမှာ ဒီနေ့ ဩဂုတ်လ ၁၁ ရက်နေ့ မနက် ၈ နာရီ ၂၀ မိနစ်လောက်က ဗုံးပေါက်ကွဲမှု တပြိုင်တည်းဖြစ်ပွားခဲ့တယ်လို့ ဘုတလင်မြို့ခံတွေက ပြောပါတယ်။

“ကျနော်တို့ ဘုတလင်မြို့ပေါ်မှတော့ ဒီမနက်ခင်း သေနတ်သံတွေ ဆူညံနေတယ်။ အခုအထိ အသံမတိတ်သေးဘူး။ ကျနော်တို့ ကြားရတာက အထွေထွေ အုပ်ချုပ်ရေးမှူးရုံးအနီးနဲ့ ရဲစခန်းအနီးပေါက်ကွဲတာ။ ဘယ်သူမှ အိမ်အပြင်ထွက်မကြည့်ရဲကြဘူး” လို့ အမည်မဖော်လိုတဲ့ ဘုတလင်မြို့ပေါ်ဒေသခံတစ်ဦးက ပြောပါတယ်။

အခု ဘုတလင်မြို့‌ပေါ် ဗုံးပေါက်ကွဲမှုမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး လူငယ်တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ဗုံးပေါက်ကွဲမှုကြောင့် အပျက်အစီး အထိခိုက်စာရင်းကိုတော့ မသိရသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013