DVB Logo
Home
မြန်မာသတင်း
တောင်တွင်းကြီးတွင် အခြေခံလက်လုပ်လက်စားပြည်သူများ စားဝတ်နေရေး အဆင်မပြေဖြစ်နေ
DVB
·
August 10, 2021
တောင်တွင်းကြီးတွင် အခြေခံလက်လုပ်လက်စားပြည်သူများ စားဝတ်နေရေး အဆင်မပြေဖြစ်နေ
1 / 9
Donate to DVB

တောင်တွင်းကြီးမြို့နယ်မှာရှိတဲ့ အခြေခံလက်လုပ်လက်စားပြည်သူတွေဟာ Stay At Home ကာလကြာမြင့်လာတာနဲ့အမျှ စားဝတ်နေရေးကြပ်တည်းနေကြတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

အနှေးယာဉ်ဆိုက်က္ကားဆရာတစ်ဦးက ''မိသားစု ၅ ယောက်ရှိတယ်။ ဝင်ငွေမှမရှိတာဗျာ။ ကြာလာတော့ ဘာနဲ့စားရမလဲ။ ချေးလို့ငှါးလို့လည်း မလွယ်တော့ဘူးလေ။ အလှူရှင်တွေတော့လာပါတယ်။ ဒါပေမယ့် ကြာလာတော့ ယူရတာရှက်လာတယ်။ ကိုယ့်ဝင်ငွေနဲ့မှ စားရတာလုံတာပေါ့'' လို့ ပြောပါတယ်။

တောင်တွင်းကြီးမြို့မှာ တစ်ဦးချင်း၊ အစုအဖွဲ့လိုက်နဲ့ ပရဟိတအဖွဲ့တွေက ဝင်ငွေမရှိတဲ့ အခြေခံလက်လုပ်လက်စားပြည်သူတွေကို ရိက္ခာလှူပေးနေကြတာလည်း ဖြစ်ပါတယ်။

ဒေသခံအလှူရှင်တစ်ဦးက ''ပြည်သူအတွက် နိုင်သလောက် လုပ်ပေးကြတာပါ။ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ကြက်ဥနဲ့ ဟင်းသီးဟင်းရွက်တွေ လှူပေးတာပေါ့။ ပြည်သူကနေ ပြည်သူကို မျှဝေခြင်းဆိုတဲ့စိတ်နဲ့ ဝိုင်းကူပေးနေတာပါ။ ဒါပေမယ့် ကျနော့်မှာလည်း ဝင်ငွေမရှိဘူး” လို့ ပြောပါတယ်။

တောင်တွင်းကြီးမှာ အခုရက်ပိုင်း ကိုဗစ်အတည်ပြုလူနာဦးရေ လျော့နည်းလာတယ်လို့ ကျန်းမာရေးဌာနတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

''ဇူလိုင်ကုန်အထိ အတည်ပြုလူနာ ၇၄၁ ယောက်ရှိပြီး အခုသြဂုတ်လမှာ မနေ့ကအထိ အတည်ပြုလူနာ ၁၀၅ ယောက်နဲ့ ကိုဗစ်နဲ့သေဆုံးသူ ၈ ယောက်ပဲရှိတယ်ဆိုတော့ လျော့သွားတယ်လို့ဆိုနိုင်ပါတယ်'' လို့ ပြောပါတယ်။

ကိုဗစ်နဲ့သေဆုံးသူ လျော့နည်းလာတာကြောင့် Stay At Home ဖြေလျှော့ပေးသင့်ပြီလို့ ဒေသခံတဦးက မှတ်ချက်ပြုပါတယ်။

''Stay At Home ဆိုတော့ ဈေးတွေ ဆိုင်တွေကလည်း ၉ ခွဲလောက်က်ဆို သိမ်းကြပြီဗျာ။ နယ်ကားတွေလည်း အဝင်အထွက်မရှိတော့ ကုန်အသစ်လည်း မရောက်ကြဘူး။ အလုပ်တွေ နားထားရတာကြာပေါ့။ Stay At Home ရက်ကလည်း ရက် ၂၀ ကျော်လာခဲ့ပြီဆိုတော့ လူနာဦးရေ နည်းသွားရင် စစ်ကောင်စီက ပြည်သူတွေရဲ့ စားဝတ်နေရေးအတွက် ဖြေလျှော့ပေးသင့်တယ်။” 

ကိုဗစ်-၁၉ တတိယလှိုင်းမှာ မနေ့က သြဂုတ် ၉ ရက်နေ့ညနေအထိ ကိုဗစ်အတည်ပြုလူနာဦးရေ ၈၄၆ ဦးရှိပြီး ဆေးရုံဆင်းသူပေါင်း ၆၄၆ ဦးနဲ့ ကိုဗစ်နဲ့သေဆုံးသူပေါင်း ၆၄ ဦးရှိတယ်လို့ ကျန်းမာရေးဌာနက သိရပါတယ်။

တောင်တွင်းကြီးမြို့ကို စစ်ကောင်စီက ဇူလိုင် ၂၀ ရက်ကစပြီး Stay At Home သတ်မှတ်ထားတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013