DVB Logo
Home
မြန်မာသတင်း
ဖလမ်းမြို့၌ စစ်တပ်ကပစ်ခတ်သဖြင့် အမျိုးသမီး ၁ ဦး သေဆုံး၊ ကိုယ်ဝန်ဆောင်အပါအဝင် ၂ ဦး ဒဏ်ရာရ
DVB
·
August 10, 2021
ဖလမ်းမြို့၌ စစ်တပ်ကပစ်ခတ်သဖြင့် အမျိုးသမီး ၁ ဦး သေဆုံး၊ ကိုယ်ဝန်ဆောင်အပါအဝင် ၂ ဦး ဒဏ်ရာရ
Donate to DVB

ချင်းပြည်နယ်၊ ဖလမ်းမြို့၊ လုံပီး(လုံးရန်)ရပ်ကွက်မှာ ဩဂုတ် ၁၀ ရက်  မနက်ပိုင်းက စစ်တပ်က အကြောင်းမဲ့ သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် နေအိမ်တအိမ်တွင်းရှိနေတဲ့အမျိုးသမီး တစ်ယောက်  ရင်ဘတ်မှာ ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဖလမ်းမြို့ကနေ တလန်ရောန်ကျေးရွာကို ဆေးကုသပြီးပြန်လာတဲ့ ဆိုင်ကယ်ကို အကြမ်းဖက်စစ်‌ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ဆိုင်ကယ်နောက်က စီးလာတဲ့  ကိုယ်ဝန်ဆောင်မိခင်ရဲ့ပေါင်မှာ သေနတ်ဒဏ်ရာရှိခဲ့ပြီး တင်‌ဆောင်လာတဲ့ အမျိုးသားကိုလည်း ဖမ်းဆီးထားပါတယ်။

အလားတူ ဖလမ်းမြို့နယ်၊ ဇာလိုင်ကျေးရွာမှာနေထိုင်တဲ့ အဘွားအို ၁ ဦးလည်း ကျည်ထိမှန်ထားပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ အ‌ခြေအနေရှိနေကာ ကျေးရွာတွေမှာလည်း အပြစ်မဲ့ပြည်သူ‌တွေကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဩဂုတ် ၉ ရက် မနက်ပိုင်းက စလို့ ဖလမ်းမြို့၊ လုံပီး(လုံရန်) ရပ်ကွက်အတွင်းနဲ့ စစ်ကောင်စီတပ် ခလရ(၂၆၈)အနီးမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။

ဒါ့ကြောင့် မိဘပြည်သူတွေ အနေနဲ့ ဖလမ်း-ရိဒ်၊ ဖလမ်း-ဟားခါး လမ်းကို ခရီးသွားလာခြင်း မပြုကြဖို့ ချင်းအမျိုးသားအဖွဲ့ချုပ်၊ သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနက အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013